သဲစု
ညီမရေးဖူးတဲ့ ဇာတ်လမ်း၅ပိုင်းပါ ။ဒါတွေကညီမကိုယ်တိုင်ကြုံနေရဆဲမို့ anonymous နဲ့ပဲတင်လိုက်ပါတယ်။
အခန်း ၁
======
ညီမနာမည်ကက သဲစုပါ။ကျောင်းတုန်းကဆို အရိုက်ခံရဆုံးက မိန်းကလေးထဲ ကိုယ်ပါပဲ။မနက်ဆိုစျေးရောင်းရတယ် စျေးထဲမှာ။ကျောင်းရင်ဖုန်း ၂ ထည်ရယ် ကျောင်းစိမ်းထမီကတော့ ရှမ်းကန်ကျောင်းစိမ်းတစ်ထည်ရယ် ကျောင်းဝတ်စုံကလဲ ဒါပါပဲ။ရင်ဖုန်းကတော့ ၃ရက်တခါလဲ ၂ရက်တထည် ဝတ်လို့ရပေမယ့် ကျောင်းစိမ်းထမီကတော့ ၅ရက်လုံးဒါပဲဝတ်ရပါတယ်။
အဲ့ထမီတောင် စျေးဝယ်နေကြ အန်တီကြီးသမီး
မဝတ်တော့လို့ ကျောင်းစိမ်းထမီလေးပါ။၈တန်းကစပီး စကပ်မဝတ်ရဘူး ထမီ ရင်ဖုန်းပြောင်းဝတ်ရမယ်ဆိုထဲက အတော်ဒုက္ခရောက်သွားတာ။အိမ်ကအမေကလဲမပြေလည်တော့ မပူဆာရက်ဘူး။၈တန်းစတက်တဲ့ ၂လလောက်ကို ကျောင်းစိမ်းစကပ်နဲ့
တက်လိုက်သေးတာ။အတန်းထဲ မိန်းကလေးတွေအကုန် က ထမီနဲ့ရင်ဖုန်းနဲ့ ဆရာမကလဲ အတန်းရှေ့ခေါ်ပီး ခဏတိုင်းခေါ်ပြောတယ် ရင်ဖုန်း ထမီဝတ်ဖို့ပေါ့။အကုန်လုံးကကြည့်နေတော့ အတော်လဲရှက်ပါတယ်။စျေးလာဝယ်နေကြ အန်တီကြီးကိုပဲ ရင်းနှီးနေတော့ပြောမိလိုက်တယ်။သူ့မှာလဲ ကို့လိုရွယ်တူ
သမီးလေးရှိတယ် ကိုယ့်ထက်တော့ တတန်းကြီးမ
ယ် တခါတလေ အဲ့မမ က ကျောင်းဝတ်စုံလေးနဲ့ပါပါလာတာ။အန်တီကြီးက အဲ့တော့မှ သူ့သမီး က နှစ်တိုင်းအသစ်ချုပ်တယ် ညည်း ကိုပေးဖို့ ရင်ဖုန်းနဲ့ထမီကြည့်ပေးမယ်ဆိုပီး နောက်နေ့ကျ ရင်ဖုန်း၂ထည်
အထက်ကပြောခဲ့တဲ့ ရှမ်းကန် ကျောင်းစိမ်းထမီ ၁ထည် ရခဲ့ပါတယ်။ ထမီ က ဂျိတ်နဲ့ဝတ်ရတာဆိုတော့ အဆင်လဲပြေ အတော်ကိုပျော်နေတာ။ပိုက်ဆံရှိတဲ့သူတွေကျ တနှစ်ဝတ်ပီး မဝတ်ကြပေမယ့်
သဲစုအတွက်ကျ တကယ်အသစ်လိုပဲ။ကျောင်းကပြန်လာရင်လဲ ရင်ဖုန်းပဲလဲပီး ကျောင်းထမီက မလဲဖြစ်ပဲ စျေးရောင်းသွားတယ်။ပြန်လာမှ ထမင်းစားရေချိုးပေါ့။ပင်ပန်းတဲ့ရက်တွေကျ ထမင်းစားပီးအိပ်ပါပျော်သွားရော။မနက်နိုးလာရင် ကျောင်းထမီဝတ်လျက်နဲ့ ခဏခဏဖြစ်တယ်။ကျောင်းက ၉နာရီတက်ရတယ်။၅နာရီထစျေးရောင်းဖို့ပြင်ဆင် အမေ့ကိုကူပေါ့။စျေးကနေမှ ကျန်တဲ့ ဟင်းရွက်တွေကို
စျေးထဲက ငှက်ပျောပွဲရောင်းတဲ့အန်တီကြီးဆီအပ်ပီး ကျောင်းတန်းသွားရတော့ စျေးကိုလာမယ်ဆို
ကျောင်းဝတ်စုံက အပီးဝတ်လာရတာ။ညဘက်ကျောင်းထမီမလဲဖြစ်ပဲအိပ်ပျော်သွားတဲ့နေ့ဆို
မနက်ကျ ရင်ဖုန်းလေးပဲကောက်ဝတ် စျေးတန်းပြေးရတော့တာပဲ။
#ညီမရဲ့ဖြစ်ရပ်မှန်မို့Anonymousနဲ့သာတင်သည်ကိုနားလည်ပေးကြပါရှင့်🥺
ဆက်ရန် ......
အပိုင်း ၂
======
ကျောင်းကိုရောက်ရင် တကယ်ကိုငြီးစီစီပါ။ကျောင်းစိမ်းထမီတထည်ကိုပဲ ၅ရက်လုံးဝတ်ရတော့လေ။ကိုယ်ကဆင်းရဲတော့ အတန်းထဲက
မိန်းကလေးချင်းကအစ အတူတူမထိုင်ချင်ဘူး။သဲစုလိုပဲ ဆင်းရဲပြီး ကျောင်းဝတ်စုံ ဒါပဲနေ့တိုင်းဝတ်တဲ့သူငယ်ချင်းမ အိပုံ့နဲ့ပဲ ၂ယောက်ထိုင်ကြပါတယ်။
၂ယောက်လုံးက အိမ်အလုပ်ရော စျေးရောင်းကြရတာမို့ စာလဲ လုပ်ပေမယ့် မကျအောင်မနည်းလုပ်နေရသူတွေ။ကျောင်းကလဲ ဒဏ်ပေးတာရော ရိုက်တာရောကြမ်းတယ်။ဆရာမတွေက မညှာဘူး မိန်းကလေး ယောကျာ်းလေး ဖြစ်ဖြစ်။တပတ်တခါသင်တဲ့စာတွေကို သောကြာနေ့ညနေပိုင်းဆို
စာမေးချိန်ရှိပါတယ်။ယောကျာ်းလေး မိန်းကလေးပြိုင်ရတာပေါ့။အတန်းထဲမှာစာလဲတော် အစလဲသန်
မိန်းကလေးတွေ ကို အနိုင်ယူချင်တဲ့သူက ဝေလွင်ဦးဆိုတဲ့ကောင်။သူ့သူငယ်ချင်း စည်သူဝင်းကလဲ အဲ့လိုပဲ။စာအသေလုပ်တယ် သင်္ချာဆိုလဲ အတော်ဆုံး။
အတန်းထဲကစာအတော်ဆုံးမိန်းကလေးတောင်
ဝေလွင်ဦးနောက် ဒုတိယပဲအမြဲရတာ။
ဆက်ရန် .....
အပိုင်း၃
======
ဆရာမ ဒေါ်နီလာဝင်း ဝင်လာတည်းကစိတ်ထဲက လေးနေတယ်။၈တန်းနှစ်စတက်တာ တပတ်ပြည့်ပြီပေါ့။ရှေ့မှာပြောခဲ့သလိုလေ တပတ်စာ စာပြိုင်ဖို့
သောကြာနေ့ ညနေဘက်အချိန်ပေါ့။ဆရာမဒေါ်နီလာဝင်းက စည်းကမ်းလဲကြီးသလို အရိုက်လဲကြမ်း ဒဏ်ပေးလဲကြမ်းပါတယ်။မိန်းကလေမို့လဲမညှာမှန်းလဲသိတယ်။ဆရာမဝင်လာတော့ အကုန်ထနှုတ်ဆက်ကြတယ်။အဲ့တာပြီးတာနဲ့ဆရာမက သုံးလုံးပူးကြိမ်လုံးကြီးကိုင်ပြီး စားပွဲကို ရိုက်တယ်။
ဒီနေ့သင်္ချာတွေ ကျောက်သင်ပုန်းပေါ်ပြိုင်တွက်ရမယ့်အကြောင်း ကိုပြောတယ်။ယောကျာ်းလေးရယ် မိန်းကလေးရယ်ပြိုင်ရမယ်ဆိုတာကိုပေါ့။
သင်္ချာအတော်ဆုံးယောကျာ်းလေးနဲ့ပဲစမယ်ဆိုပီး သဲစု ကြောက်ရတဲ့ ဝေလွင်ဦး ကို နာမည်အရင်ခေါ်ပါတယ်။ ဝေလွင်ဦးစင်ပေါ်လဲရောက်ရော ဆရာမကမေးတယ်။
'သား ခေါ်ပြိုင်ချင်တဲ့ မိန်းကလေးနာမည်ကို အော်လိုက် ' ဆိုပီးတော့ပေါ့။အဲ့မှာသူကခဏတောင်မစဥ်းစားပဲ သဲစုနာနာမည်ကို ခေါ်ချလိုက်တာပဲ။အစတည်းက သဲစုကိုခေါ်ဖို့ပဲ ကြိုတွေးထားပုံရပါတယ်။
ဆရာမကလဲ သဲစုခိုင် စင်ပေါ်တက်ခဲ့မယ် ဆိုပြီး
အော်ပါရော။ သဲစုအဲ့ချိန်ခံစားနေရတာက အတော်ရင်တုန်ပန်းတုန်ပါ။သဲစုက ကျက်စာကိုသာတအားကျက်တာ။သင်္ချာကတော့ အခြေခံသိပ်မပါတော့ တကယ်ကို မရတာလေ။ကျောင်းထမီကရှည်တော့
မ ပြီး စင်ပေါ်တက်သွားရတယ်။မျက်နှာမှာလဲချွေးတွေစထွက်ပြီး လက်တွေဆို အေးစက်နေတာ။
ဝေလွင်ဦးကတော့ တကယ်ကိုအေးဆေးပဲ။
'ဆရာမ ဘယ်အပုဒ်တွက်ရမလဲ ရွေးပေးပါ'ဆိုပီးပြောတယ်။ ဆရာမကလဲ တယောက်တပုဒ်စီရွေးပေးတယ်။သူက သင်္ချာ၂ က သက်သေပြတဲ့အပုဒ်ရှည်တွက်ရတယ်။သူက အေးဆေးပဲ ဆရာမရွေးပေးတဲ့ အပုဒ်တွေ့တော့လဲ လေ။သဲစုကသာ ရင်တွေတဒိန်းဒိန်းခုန်နေတာ။ 'သဲစုခိုင် က ဒီအပုဒ်တွက် ဆိုပီး ဆရာမရွေးပေးတဲ့ အပုဒ်ကိုလဲမြင်ရော မျက်လုံးတွေတောင်ပြာမတတ်ပဲ။သဲစုလဲ သင်္ချာ၂ရဲ့ သီအိုရီတခုကို သက်သေပြချက်နဲ့ ပြန်ထုတ်ပြရမှာတွက်ရမှာလေ။သဲစုက သင်္ချာ ၁တောင် မရတာ သင်္ချာ၂ ဆိုပိုဆိုးပေါ့။ စိတ်ထဲသွားပြီဆိုတာတော့ သေချာသိလိုက်တယ်။သဲစုမှာမြေဖြူကိုပဲ ကိုင်ထားရင်း
ကျောက်သင်ပုန်းရှေ့မှာ ဖတ်စာအုပ်ထဲက မေးခွန်းပဲကြည့်နေရင်း ဘယ်ကစလုပ်ရမှန်းလဲမသိ။
ဘေးမှာကတော့ ဝေလွင်ဦးက စတောင်တွက်နေပြီ။
ချွေးတွေပြန်တာ ဆိုတာကျောင်းရင်ဖုန်းတွေတောင်
ချွေးနဲ့စိုပီး ကျောမှာကပ်နေတာ။နဖူးမှာလဲ ချွေးစီးတွေ။ဘာစလုပ်ရမှန်းမသိ မြေဖြူကိုင်ထားရင်းလေ။
ဆက်ရန် .....
အပိုင်း၄
======
ဝေလွင်ဦး တွက်ပီးတဲ့အထိ သဲစုမှာ ဘာစတွက်ရမှန်းမသိ ဖြစ်နေတာလေ။အဲ့မှာ သူက ပြုံးစိစိနဲ့သဲစုကိုကြည့်နေတာလေ။ဆရာမကလဲ ပြောတာပေါ့။
'သဲစုခိုင် နင်စာမရပါလား ခုထိဘာမှကိုမတွက်နိုင်
ဘူးပဲ ၂မိနစ်ထပ်ပေးလို့မှမရရင် နင်ရှုံးပီသတ်မှတ်မယ်' အဲ့လိုပြောပီး ၂မိနစ်လောက် ဆရာမနီလာဝင်းကထပ်စောင့်နေပေးတာ။သဲစုက ရမှမရတာ ၂မိနစ်စောင့်ပေးလဲ ဘာမှဖြစ်မလာခဲ့ဘူး။ဝေလွင်ဦးကတော့ သူသဲစု ကို နိုင်တော့မယ်ဆိုတာ ကြိုသိနေတဲ့ရုပ်ပါ။အတော်ခံရခက်တယ်။စင်ပေါ်မှာ ထွက်ပြေးလို့လဲမရ အတော်ကိုရှက်နေပီ။
'ကဲ ၂မိနစ်ပြည့်ပီ သဲစုခိုင်'လို့ ဆရာမက ပြောလိုက်ရော သဲစု တော့သွားပြီဆိုတာ သိလိုက်တယ်။
ဒဏ်ပေးမခံရခင် အတန်းဘက်လှည့်ပီး ဆရာမ တူသမျှပြောသမျှခံရတယ်။
'သဲစုခိုင် နင် မိန်းမ ဖြစ်ပြီး မရှက်ဘူးလား
စာလဲမရဘူး ယောကျာ်းလေးကို မိန်းကလေးတန်မဲ့နင်ရှုံးတာ ရှက်ရမှာနော် 'ဆိုပီး တအားဆူတာ။
သဲစုကို အကုန်ဝိုင်းကြည့်နေတာလေ တတန်းလုံးက
မိန်းကလေးအပြောခံရတာနဲ့ ယောကျာ်းလေးအပြောခံရတာ ဘယ်လောက်ကွာခြားမှန်းလဲသိသွားတယ်။သဲစု တအားရှက်ပီး ပူထူနေတာပဲသိတော့တယ်။ဆရာမနီလာဝင်း ဆူပြီးတော့မှ ဒဏ်ပေးတာက စလာတယ်။
'သား ဝေလွင်ဦး သဲစုခိုင် နားရွက်ကိုဆွဲလိုက်
ညည်းက မြေဖြူဆက်ကိုင်ထား
သား မင်းအဲ့အပုဒ် လဲရတယ်မလား'
'ဟုတ် ရတယ် ဆရာမ'
'အေး အဲ့မိန်းမ တွက်တတ်သွားအောင် သား
တွက်ပြပေးလိုက် သဲစုခိုင် ညည်းကမြေဖြူကို
ကိုင်ထား လိုက်ရေးဖို့ပြင် '
ဝေလွင်ဦးက သဲစုရဲ့ညာဘက်နားရွက်ကိုဆွဲထားပြီးသားဖြစ်နေပြီ။နားရွက်ဆွဲခံရရင်းနဲ့ သဲစုက သူပါးစပ်ကပြောတာတွေ ကျောက်သင်ပုန်းမှာ လိုက်ရေးရတယ်။ သက်သေပြချက်တွေကို ဘာကြောင့်equal ဖြစ်တာတွေ အကုန်လိုက်ရေးရတယ်။
ပုစ္ဆာကရှည်တော့ ပိုကြာနေသလိုခံစားရတယ်။
အဖြေထွက်သွားတော့မှ ဆရာမက
'သဲစုခိုင် ညည်း အဲ့ပုစ္ဆာကိုမှတ်မိပီလား'
'ဟုတ် ဆရာမ သမီး မှတ်မိပါပြီ'
'ဒုတိယတခါထပ်ရှုံးရင် ညည်းအတန်းပြင်ထိ နားရွက်ပတ်ဆွဲခံရမယ်ကြားလား'
သဲစုထင်တာက ပီးပီပေါ့နော်။ ကို့အတန်းကိုပြန်ရမယ်ထင်နေတာလေ။ဆရာမထပ်ပြောမှ ဒဏ်ပေးတာမပီးသေးမှန်းသိရတော့တယ်။
'သဲစုခိုင် နင်လက်ပိုက်ထား သား ဝေလွင်ဦးက
သူ့နားရွက်ကိုဆွဲထား ပီး ထိုင်ထတိူင်ပေးပီး
သားပဲ သူ့နားရွက်ကို ထိုင်ဆို ဆွဲချ ထဆိုဆွဲတင်
နာအောင်တင်းတင်းဆွဲ'
သဲစု အရှက်က တစ်ရှက်ပီးတော့ နှစ်ရှက်ပဲ။သူထိုင်လို့ အော်လိုက်ရင် သဲစုက လက်လေးပိုက်ပီးထိူင်ချရတယ်။သူကကို့နားရွက်ကိူ ဆွဲထားတာကိုး။ထဆို
သူက သဲစုနားရွက်ကို အားနဲ့ဆွဲမပစ်ရော။ ထိုင်ထအခါ၃၀ကို ပျော့ခွေကျမတတ် လုပ်လိုက်ရတယ်။ ၃၀လဲပြည့်ရော ဆရာမ က သဲစုခိုင် အတန်းထိ
သား ဝေလွင်ဦးကနားရွက်ဆွဲပီးခေါ်သွားလိုက်ဆိုပီး
စင်ပေါ်ကနေ သဲစုကို သူနားရွက်ဆွဲခေါ်လာတော့တာပဲ။သဲစုမှာလက်ပိုက်လဲမဖြုတ်ရဘူး။ထမီကရှည်တော့ မ လိုက်မိတာ ။ ဆရာမ ထမီကို မကိုင်နဲ့ နင်လက်ကိုပိုက်ထားလို့ အော်တော့ လက်ဆက်ပိုက်ထားရင်းလေ သဲစုမှာ ကျောင်းထမီ မနင်းမိအောင်
ခြေထောက်ကို နည်းနည်းကားလျှောက်ရတော့တာပဲ။သဲစုအတန်းကနောက်ဆုံးတန်းရဲ့ရှေ့တတန်းဆိုတော့လေ။သဲစုမှာ မျက်နှာဘယ်လိုထားရမလဲကိုမသိတာ။ အတန်းထဲက ယောကျ်ားလေးတွေကဆို အကုန်လုံး စပ်ဖြီးဖြီးနဲ့လေ ။ သဲစုအတန်းရောက်တဲ့ထိဝေလွင်ဦးကနားရွက်ကို ဆွဲလာတာပေါ့။ဘေးချင်းယှဥ်လက်ပိုက်ပီး သဲစုက လိုက်ရတာပေါ့။
သဲစုထိုင်တဲ့အတန်းမှာ ထိုင်ချလိုက်တော့မှ ဆရာမကနားရွက်ဆွဲတာဖြုတ်ပေးလိုက်တော့ရပီဆိုပီး
လှမ်းပြောတယ်။အဲ့ကျမှ သဲစု ရှက်နေတာကို အရသာခံကြည့်ပီး ဝေလွင်ဦးက သူ့အတန်းသူပြန်သွားထိူင်တယ်။သဲစုတိူ့ဘေးခုံက ယောကျာ်းလေးတွေ လှမ်းစတာပေါ့ ။ စိမ့်လား ချိုလား ဘယ်လိုလဲ သဲစု ဆိုပီးလေ။သဲစုလဲ အရင်ကဆို ရန်ပြန်တွေ့မိမှာ
ခုကျ ရှက်ပီး မျက်နှာတောင်ဘယ်လိုထားရမလဲကိုမသိတာ။ရယ်တော့လဲ တကယ်ရယ်မရဘူး။အီလည်လည်ကြီးနဲ့ ရှက်နေတာကြီးကပိုသိသာလေ ယောကျာ်းလေးတွေက ဝိုင်းကြည့် လှောင်ပြုံးပြုံးနေကြတာလေ။အိပုံ့ကတော့ သဲစု လက်ကိုကိုင်ပီး
ဘာမှမဖြစ်ဘူးနော် သဲစု ဘာမှမဖြစ်ဘူး ဆိုပီးအားပေးနေပါတယ်။ဝေလွင်ဦးကတော့ သဲစုကိုလှည့်ကြည့်လိုက် သူ့ဘော်ဒါကောင်တွေကို တခုခုပြောလိုက်နဲ့ရယ်နေကြတာလေ။ကျောင်းလဲဆင်းရော အိပုံ့လက်ကို အရင်ကထက် ပိုတင်းတင်းကိုင်ထားမိနေတယ်။
ဆက်ရန်.....
အပိုင်း ၅
=======
အိမ်ပြန်ရောက်တဲ့အထိ သဲစုမှာ ကျောင်းမှာနားရွက်ဆွဲခံရ အစခံရတာကို မေ့မရပါဘူး။အိပုံ့ကတော့ သဲစု စျေးပြန်ရောင်းဖို့ ကျောင်းရင်ဖုန်းလေးလဲနေတာကို စောင့်နေပါတယ်။သူလဲ အိမ်မပြန်ရသေးပဲ ကြီးကြီးမေ ဆိုင်မှာ မနက်အတွက်ဝင်ကူရအုံးမှာလေ။
အစကတော့ ကျောင်းထမီလဲမလား စိတ်ကူးမိပီးမှ အပြာရောင် တီရှပ်အနွမ်းလေး ကောက်စွပ်ပြီး ပဲ ထွက်လာဖြစ်တော့တယ်။ကျောင်းရင်ဖုန်းကအဖြူဆိုတော့ ပေမှာပြုမှာ ကြောက်ရတယ်လေ။တီရှပ်ကိုကျောင်းထမီထဲ ထည့်ဝတ်နေရင်း ထွက်လာတော့ အိပုံ့မက လွယ်အိတ်လေးပိုက်ပီး အိပ်ပျော်နေလို့ နှိုးရသေးတယ်။အဲ့ကျမှ အိပ်ချင်မူးတူးနဲ့ အိပုံ့မနဲ့ သဲစု
လက်တွဲပီး အတူတူထွက်လာလိုက်တော့တယ်။
အမေက ပြန်လာရင် ငပိရည်ကျိုဝယ်လာဖို့မှာလိုက်သေးတယ်။သဲစုကစျေးထဲမှာ မနက်ကကျန်တာတွေရောင်း နောက်ကျတဲ့နေ့ဆို ၇နာရီလောက်ရောက်သွားတတ်တယ်။အဲ့ကျမှ ပိုနေတာလေးတွေသိမ်းပြီးအိမ်ပြန်လာရတာပေါ့နော်။အိမ်ရောက်တော့မှရေချိုး ထမင်းစားလုပ်ရတာပေါ့။မရှိတဲ့သူတွေအဖို့ကဒီလိုပဲဖြတ်သန်းရတာလေ။
ရေမချိုးခင် ကျောင်းထမီကို ချွေးလှန်း အနံ့အသက်နည်းပါးပျောက်အောင် နောက်ဖေးမှာ ခဏထုတ်လှန်းရတယ်။မနက်ကျ ကျောင်းတက်ရင်ဒါပဲပြန်ဝတ်ရမှာကိုးလေ။တစ်ညလုံးလဲ လှန်းမထားရဲဘူး။
မိုးရာသီဆိုတာက သိတယ်မလား။တစ်ခါတုန်းကဆို အဲ့လိုလှန်းထားပီး ရုတ်ဖို့မေ့မိတာ ကျောင်းထမီစိုကုန်လို့ မနက်ကျောင်းမတက်လိုက်ရဘူးလေ။
ရေချိုးထမင်းစားပီးရွှေပြည်နန်း သနပ်ခါးလိမ်းတယ်။လူလန်းသွားအောင်ပေါ့။မနက်ထဲက နားကိုမနားရသေးတော့ လူကအတော်ကို ပြိုင်းနေတာလေ။
အဲ့ကျမှ မီးမှိန်မှိန်အောက်စာထိုင်ကျက်ရတာပေါ့။
အဖေကတော့ မူးပြီးအိပ်နေပြီ။အမေကတော့ ဘုရားရှိခိုးပေါ့။သဲစုလဲတစ်နာရီလောက်စာကျက်ပီးရင်ငိုက်လာရော။မနည်းကျက်ရတယ်။သဲစုက စာညံ့ပေမယ့် စာမေးပွဲတော့အောင်ချင်တယ်လေ။အောင်တာလဲအောင်ပါတယ်။အမှတ်တွေကတော့ကောင်း
ဘူးပေါ့နော်။ကျောင်းတွေမှာက သိတဲ့အတိုင်းလေ
စာမရရင်က မိန်းကလေးချင်းက ပိုဆိုးတယ်။
သဲစုနဲ့အိပုံ့ဆို အတန်းထဲက မိန်းကလေးတွေက သိပ်လဲမပေါင်းချင်ကြဘူး။သန့်ရှင်းရေးနေ့မှာ ခိုင်းဖို့ လောက်ပဲ အဖက်လုပ်ချင်ကြတယ်။အဝတ်အစားဆိုလဲ သူများမိန်းကလေးတွေလို တနေ့တစုံမှ မဝတ်နိုင်တာ။ဒီကျောင်းထမီလေးကိုပဲ တပတ်မှာ ကျောင်းဖွင့်ရက် ၅ရက်လုံးဆက်တိူက်ဝတ်ရတယ်။ကျောင်းပိတ်မှ သာ လျှော်ရ မီးကျွတ် ထိုးရပေါ့။
စာကျက်ရင်း ငိုက်နေတော့ အမေက သွားအိပ်ဖို့ပြောတယ်။သမီး ခဏလေးကျက်အုံးမယ်ပြောပီးမှ
အိပ်ရာဝင်လိုက်တော့တယ်။မအိပ်ခင်နောက်ဖေးက
ကျောင်းထမီကို မမေ့မလျော့ ရုတ်ရသေးတယ်။
မနက်၄နာရီခွဲဆိုတာနဲ့ အမေကလာနှိုးပြီ။အမေက ၃နာရီထရတယ်။ကုန်စိမ်းတွေကို မနက်စျေးကားနဲ့သွားယူပေါ့။သဲစုက ၄နာရီခွဲဆိုထရပြီ။အမေယူလာတဲ့ကုန်စိမ်းတွေရောင်းဖို့ပေါ့။၅နာရီထွက်နိုင်ဖို့ ပြင်ဆင်ရတာလေ။မိန်းကလေးဆိုတော့ တတ်နိုင်ေသမျှတော့ ရှိတာလေးနဲ့သပ်ရပ်ပြင်ဆင်ရတာပေါ့လေ။မျက်နှာသစ် ရွေပြည်နန်းသနပ်ခါးကို ပါးကွက်လေး သေချာကွက် ၊ ဆံပင်ကတိုတော့ အုန်းဆီလေးလိမ်းပီး ကလစ်ကလေးတပ်ပေါ့။အဲ့တာပြီးတာနဲ့ကျောင်းရင်ဖုန်းနဲ့ကျောင်းစိမ်းထမီလေး လဲပေါ့။
စျေးကနေ ကျောင်းကိုတန်းသွားရတာဆိုတော့ အိမ်ပြန်ပီး ကျောင်းဝတ်စုံပြန်လဲဖို့ အချိန်လဲမရှိဘူးလေ။
စျေးမှာလဲဖို့ကလဲ မိန်းကလေးဆိုတော့ အဆင်မပြေ။အဲ့တာနဲ့ပဲ စျေးထွက်ရောင်းတော့မယ်ဆိုတာနဲ့ တခါတည်း ကျောင်းဝတ်စုံ ဝတ်လာရတော့တာပေါ့။သဲစုအကုန်ပြင်ဆင်ပြီးတာနဲ့ အမေက ကုန်စိမ်းတွေ စက်ဘီးပေါ်တင်ပြီး စျေးကိုလိုက်ပို့တယ်။သဲစုက ဘေးလွယ်အိတ်အလေးကြီးလွယ်ပီး အမေ့ဘေးနားကနေ စကားပြောရင်းလိုက်ရတာပေါ့။
အမေကတော့ စာတွေလိုက်နိုင်လား။မိန်းကလေးဆိုတာ တော်နေရမယ်။ယောကျာ်းလေးတွေထက်သာရမယ်ပေါ့။အမေပြောမှလေ သဲစုမှာ ဝေလွင်ဦး ကိုကြောက်လဲကြောက်ရှက်လဲရှက်တဲ့ စိတ်က ပိုဝင်လာတယ်။ဒီနေ့ကျောင်းတက်ရင် စ ကြအုံးမှာလေ။
သဲစုမှာ စျေးသာရောင်းနေတာ ကျောင်းတက်ဖို့ကို
စိတ်ကလေးနေတယ်။ဒီနေ့က အိပုံ့စာအမေးခံရမှာလေ ။ အိပုံ့အလှည့်ကျတာပေါ့။ဘာလို့သိနေလဲဆို
စည်သူဝင်းဆိုတဲ့ကောင်က အိပုံ့ကို ဒဲ့လာပြောထားတာလေ။နက်ဖန် အိပုံ့မ နင့်ကိုမေးမှာ နားရွက်အဆွဲခံရဖို့ ပြင်ဆင်ထားဆိုပီးလေ။အိပုံ့တော့စာလုပ်သလားမသိပေါ့။စျေးရောင်းရင်း အိပုံ့မ ကျောင်းသွားဖို့လာခေါ်တာစောင့်နေမိတယ်။
- သဲစုခိုင်
ဆက်ရန်.......
Comments
Post a Comment