မိထွေးကိုကြောက်တယ်

မိထွေးကိုကြောက်တယ် မောင်မောင်တို့ရပ်ကွက်လေဟာတကယ်ကိုတိတ်ဆိတ်တဲ့ရပ်ကွက်လေတစ်ခုပါ…..မောင်မောင်မှာဆယ်တန်း ကျောင်းသားလေးဖြစ်ပြီးအမေမရှိတော့ပါဘူးမောင်မောင်အဖေကလည်းနောက်အိမ်ထောင်နဲ့ဆိုတော့မောင် မောင်ဘ၀လေးဟာသနားစရာလေးပေါ့….မောင်မောင်ကအဖေဦးမင်းလွင်မိထွေးဒေါ်ခင်ချိုနဲ့အတူတူနေရရှာ တယ်..မိထွေးဖြစ်တဲ့ဒေါ်ခင်ချိုဟာအိမ်တစ်ဆောင်လုံးမှာသြဇာအရှိဆုံပေါ့..ဒေါ်ခင်ချိုကအသက်(၃၀)လောက် သာရှိသေးသည်..ဒါပေမဲ့ဦးမင်းလွင်ကတော့အသက်(၅၀)ကျော်နေပြီဖြစ်သည်..ဒေါ်ခင်ချိုကိုကြောက်တာက လည်းထိုင်ဆိုလျှင်အိပ်နေလောက်အောင်ကြောက်နေပါတော့သည်….ဒေါ်ခင်ချိုမှာငယ်ရွယ်သလိုလှပသော မိန်းကလေးဖြစ်နေတော့ဦးမငး်လွင်ကလည်းကြောက်ချစ်ရိုသေနေပါတော့သည်ဒေါ်ခင်ချို၏နို့ကြီးများဟာဆို လျှင်မောင်မောင်၏ခေါင်းလောက်နီးပါးရှိနေပါတော့သည်…ဒေါ်ခင်ချိုသည်အဝတ်အစားကိုလည်းအတိုအထွာ အဝတ်များပါသည်..ထိုကြောင့်ပင်ဝင်းလက်တောက်ပသောခြေသလုံးလေများသည်တွေ့သူတိုင်းမျက်လုံးများ ၏အကြည့်များသည်ဒေါ်ခင်ချိုဆီမှမခွာနိုင်ဖြစ်နေတော့သည်ဒေါ်ခင်ချိုသည်ဦးမင်းလွင်နဲ့မောင်မောင်ပေါ်တွင် အလွန်ပင်သြဇာညောင်းပါသည်…..ဒေါ်ခင်ချိုဝတ်သည်အဝတ်များကိုမောင်မောင်နဲ့ဦးမင်းလွင်တို့ကအလှည့်ကျ လျှော်ရလေသည်…ဒေါ...

လမ်းသစ်

Photo Loading...
လမ်းသစ်
ဖိုးကျော့


      သည်နံနက်ထမှာ နေရောင်ခြည်က မထွန်းပ။ မိုးနှောင်းသမယ ဖြစ်သဖြင့် ကောင်းကင်တွင် တိမ်အုပ်ဖွဲ့နေသည်။ တိမ်ဆိုင်တိမ်ခဲတို့ ရွေ့ လျားခြင်း မရှိသလို လေလည်း ငြိမ်နေ၏။

သို့သော် ရေသူမချိုင်၌ကား ခါတိုင်းနေ့တွေလိုပင် ငါးမျှားတန်းချသူ၊ ပိုက်တန်းသူ၊ လိပ်ထိုးသူ ရေလုပ်သားများနှင့် ပြည့်နေ၏။

လှိုင်းလေ ငြိမ်သက်သော ရေပြင်ပေါ်တွင် လိပ်ထိုးလှေငယ်များက လူးလာခတ် သွားနေကြ၏။ ငါးမျှားတန်းပစ်ထားသော လှေများနှင့် ပိုက် တန်းချထားသော လှေများကမူ ငြိမ်ငြိမ်သက်သက်ပင်။


““ဝေး ... ဂေါလာကြီး၊ ဒီနေ့ ဘယ့်နှာတုန်းဟဲ့၊ ငါးများတန်းထဲ ဟင်းစားတောင် တစ်ကောင်တစ်မြီး မမိပါလားဟ”


“အဘတင်လားဗျ၊ ကျပ် ပိုက်ထဲလည်း ငယောင်တောင် တစ်ကောင် တလေ လာမကပ်ဘူးဗျ၊ ဘယ်လို ဖြစ်တာတုံး”


“ဟယ်...”


သဲတန်းရွာသား ပသျှူးကြီးကောလီ ပါးစပ်မှ ဟယ်ခနဲ အသံ ထွက်သွားသည်။

သည်လိုနှင့် ချောင်းကောက်ရွာသား လိပ်ထိုးသမားတစ်ယောက် သူတို့အနား လှေနှင့် ရောက်လာပြန်၏။


“ဟဲ့ သံထီး မင်းကော ဘယ့်နှယ်လဲ၊ တို့တော့ တစ်နေကုန်ပြီကွ"


"ကျုပ်လည်း လိပ်တစ်လုံးထိုးရသေး၊ ဟင်းစားတောင် မရကြသေးဘူး”


“ဒီနေ့ ဘယ်လိုဖြစ်တယ် မသိပါဘူးဗျာ၊ လိပ်ဆိုလို့ ရေသူမချိုင်မှာ ဆောင်းရမ်းနဲ့ ပြင်သာလိပ်တောင် မမြင်မိပါဘူး။ ခု နေပဲဝင်တော့မယ်။ ကျုပ်လည်း လိပ်တစ်လုံးမှ မထိုးရသေးဘူးဗျ။ အဲဒါကြောင့်.. ဒီဘက်များ"


သည်တစ်ခါလည်း ပသျှူးကြီးကောလီ၏ ပါးစပ်မှာ ဟယ်ခနဲ ဟသွားပြန်၏။ သူသာ မဟုတ်။ ဤနေ့ မည်သူမျှ ငါးမရကြ၊ လိပ်ထိုး အလွန်တော်သော ဆလုံကြီး သံထီးသည်ပင် လိပ်တစ်လုံးမျှ မထိုးခဲ့ရဟု ဆို၏။

အံ့ဩစရာပင်။ ခါတိုင်းဆိုလျှင် ဤရေသူမချိုင်၌ ငါးမရသည့် အခါ၊ လိပ်မထိုးရသည့်အခါ ဟူ၍ တစ်နေ့မျှ မရှိခဲ့။ ဤရေသူမချိုင်မှာ ကပ္ပလီပင်လယ်ပြင်နှင့် ဆက်နေသောချိုင်ကြီး ဖြစ်သဖြင့် ငါး၊ လိပ်တို့ အလွန် ပါသည်။ မည်သူ လာရှာရှာ၊ ကလေး၊ လူကြီး မရွေး ရောင်းစား လောက်အောင် မရတောင် ဟင်းစားတော့ လူတိုင်း ရစမြဲပင်။

ဤတစ်ခါ ဘယ်လို ဖြစ်ပါလိမ့်။ သူတို့သာ မဟုတ်။ ရေသူမချိုင်ထဲ ငါးရှာလာသူ၊ လိပ်ထိုးလာသူ ဟူသမျှ မည်သူမျှ တစ်ကောင်တလေပင် မရကြဟု ဆို၏။


အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် မေးကြပြောကြရင်းက ဘယ်ကဘယ်လို ဖြစ်သည် မသိ၊ ချောင်းကောက်ရွာက ဆလုံလေးနှစ်ယောက် သည် ကမ်းခြေကို သူတို့လှေငယ်အား သေပြေးရှင်ပြေး လှော်သွားကြ သည်ကို မြင်လိုက်ရ၏။ ထိုအခါ ငါးရှာ လိပ်ထိုးနေကြသော မလိကျွန်းသား ဆလုံပသျှူးများမှာ အားလုံး အထိတ်အလန့် ဖြစ်ကုန်ကြသည်။

ထို့ကြောင့် ထိုကောင်လေးနှစ်ကောင် လှေလှော်ပြီးပြေးရာဆီသို့ အားလုံး လှေတွေနှင့် ဝိုင်းလိုက်ကြ၏။ ကောင်လေးနှစ်ကောင်ကိုလည်း လှမ်းအော်၍ မေးကြ၏။ -


“ဟေ့ကောင်တွေ ရေထဲ ဘာတွေ့လို့လဲ” 


“အိုင်ထဲ ဘာကောင်မြင်လို့လဲ”


 “ပြောကြပါဦးကွ”


အားလုံး ထိတ်ထိတ်လန့်လန့် ဖြစ်ကုန်ကြသည်။

ကောင်လေးနှစ်ယောက်က လုံးဝ ပြန်မပြော။ လှေကိုသာ ကမ်းစပ်နား အရောက် သေပြေးရှင်ပြေး ပြေးနေကြသည်။မကြာခင်ပင် နောက်က လိုက်လာကြသော လှေများက ကောင်လေး နှစ်ကောင်၏လှေကို ကမ်းနားတွင် မီလိုက်ကြသည်။


“ဟေ့ကောင်တွေ ဘာဖြစ်လို့လဲ၊ ရေထဲ ဘာကောင်မြင်လို့လဲ”


သဲစ၊ ရေစပ်တွင် လှေဆိုက်ပြီး ပြူးတူးပြဲတဲ ဖြစ်နေကြသော ကောင်လေးနှစ်ကောင်ကို ရေလုပ်သားများက တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြ၏။


“ရေထဲမှာ ကျွန်တော်တို့ ဘာကောင်မှ မမြင်ခဲ့ပါဘူး”


“နင့်အမေကလွှား...၊ အဲဒါဆို နင်တို့ ဘာလို့ အထိတ်တလန့် လှေလှော်ပြေးကြတာလဲ”


“အဘတို့ အစ်ကိုတို့ အော်ပြောနေကြသံကို ကြားလို့ ကျွန်တော်တို့ လန့်ပြေးလာကြတာ”


“ဟ... မင်းတို့ လန့်ပြေးရအောင် ငါတို့က မင်းတို့ကို လန့်စရာ ကြောက်စရာ ဘာပြောလို့လဲ”


“ဒီနေ့ ဒီ ရေသူမချိုင်မှာ ဘယ်သူမှ ငါးမရ လိပ်မတွေ့ဘူးဆိုဗျ။ ကျွန်တော်တို့လည်း တစ်နေကုန်ပဲ တစ်ကောင်မှ မရဘူး”


“ဟ... ငါးမရ၊ လိပ်မတွေ့တာ ဒါ လန့်စရာလားကွ”


စိတ်မရှည်သော ဆလုံကြီးတစ်ယောက်က ခပ်ငေါက်ငေါက် အော် ပစ်လိုက်၏။


“ဒီချိုင်မှာ ဘယ်လူမှ လိပ်မတွေ့ ငါးမရတာ သိပ်ကြောက်စရာ ပေါ့ဗျ။ ကျွန်တော်တို့ အဘိုးက ပြောတယ်။ ဒီချိုင်မှာ ဟိုတုန်းက ရေသူမတွေ ရှိတယ်တဲ့”


“တော်စမ်းပါကွာ။ ဟိုတုန်းက ရှိချင် ရှိမှာပေါ့။ အဲဒါ ဘာဖြစ်လဲ လူတိုင်း သိတယ်”


 ဤချိုင်ကို ရေသူမချိုင်ဟု ခေါ်ကြသည်နှင့် ပတ်သက်၍ သူတို့ အရပ်ကလူတိုင်း သိကြသည်မှာ အမှန်ပင်။ ယခင် လွန်လေပြီးသော ကာလက တံငါသည်ကြီးတစ်ယောက် ညအခါ ကွန်လာပစ်ရင်း ဤချိုင်၌ ရေသူမတစ်ယောက်ကို ရဖူးသည် ဆို၏။ ကွန်၌မိသော ရေသူမမှာ လူတစ်ပိုင်း ငါးတစ်ပိုင်း ဖြစ်ပေရာ အလွန်လှသဖြင့် တံငါသည်ကြီးက သားမယားအဖြစ် ထားလေသည်။ ကာလကြာသော် ကလေးပင် နှစ်ယောက် ရသည် ဆို၏။

ရေသူမအား ဇနီးမယားအဖြစ် ထားသည်ကို တခြားလူများ သိမှာ စိုး၍ တံငါသည်ကြီးသည် ရေသူမအား အိမ်တွင်းထဲ၌သာ ထားသည်။ နေ့ခင်း နေ့လယ် လူမြင်မှာစိုး၍ အပြင်ထွက်ခွင့် မပေး။ ရေသူမကလည်း အပြင် မထွက်ဝံ့။ သို့သော် ညအချိန်ရောက်၍ တံငါသည်ကြီး ကွန်ပစ် သွားလျှင် ကုန်းပိုး၍ နေ့စဉ် လိုက်ပါသည်ဟု ဆိုသည်။

“တစ်နေ့၌ ကွန်ပစ်ရင်း တံငါသည်ကြီးက ရေသူမအား “နင့်ကိုငါ ဒီနေရာက ရတာပဲ” ဟုလည်း ပြောလိုက်ရော ရေသူမသည် သူ့ကျောပေါ်က ရုတ်တရက် ရေထဲခုန်ချသွားသည် ဆို၏။ 


နောက်ထပ် လုံးဝ ပေါ်မလာတော့ပေ။ ကလေးနှစ်ယောက်နှင့် ကျန်ရစ်ခဲ့သော တံငါသည်ကြီးသည် လည်း ရေသူမစိတ်နှင့် မအိပ်နိုင် မစားနိုင်ဖြစ်ကာ နောက်တော့ သူ့မိန်းမ ခုန်ချသွားသောနေရာ ကျောက်ဆောင်ပေါ်က ရေထဲခုန်ချပြီး သေသွား သည်ဟု ဆိုလေသည်။

ထို့ကြောင့်လည်း ဤချိုင်ကို ရေသူမချိုင်ဟု လူတိုင်း ယခုထိ ခေါ် နေကြခြင်း ဖြစ်လေသည်။ သားငါးများ အလွန်ပေါသော ဤချိုင်တွင် ယခင်က ရေသူမများ နေသွားကြသည်မှာ အမှန်ပင် ဖြစ်မည်ဟု သူတို့ ဆလုံများ၊ ပသျှူးများ အားလုံး လက်ခံထားကြ၏။ ယင်းကြောင့်လည်း

ကောင်လေးနှစ်ကောင်၏စကားကို လိပ်ထိုးသမား ဆလုံကြီးက “တော်စမ်း ပါ၊ ဒါ လူတိုင်းသိတယ်”ဟု ငေါက်ငမ်းလိုက်ခြင်း ဖြစ်သည်။


“ရေသူမချိုင်မှာ ဘယ်သူမှ ငါးရှာမရတော့ဘူး ဆိုရင် ရွာပျက် တတ်တယ်တဲ့ဗျ”


“မင်းတို့ကို ဘယ်သူပြောလဲ”


 “ကျုပ်တို့အဘိုး ဦးရွှေဗန်က ပြောတာပေါ့ဗျ” 


လူကြီးတွေက သက်မ ပြိုင်တူ ချလိုက်ကြ၏။

ဦးရွှေဗန် ဆိုသော ဆလုံကြီးမှာ ယခု အသက်ရှစ်ဆယ်ကျော်ပြီ။ ယခင်က နာမည်ကြီး လိပ်ထိုးသမား၊ ပုလဲငုပ်သမား၊ ယခုတော့ ပုလဲငုပ် ခဲ့သောဒဏ်ကြောင့် နားလည်း မကြားတော့၊ မျက်လုံးလည်း မမြင်တော့။ သူငယ်ပြန်၍ အရူးလို ဖြစ်နေပြီ။ ဤကလေးနှစ်ယောက် လုပ်စာနှင့် အသက်ရှင် ရပ်တည်နေသူ။


“အေး ... မင်းတို့အဘိုး အရူးကြီးပြောတဲ့ စကားကို မင်းတို့ အရူးလေးတွေက ယုံတယ် ဆိုပါတော့”


 “ခင်ဗျား အဲဒီလို မပြောပါနဲ့ဗျ။ ကျုပ်တို့ အဘိုးက မဟုတ်တာ ဘယ်တော့မှ မပြောဘူး”


သူ့အဘိုးနှင့် သူတို့အား အရူးဟု ပြောရပါမည်လား ဟူသော မခံချင်စိတ်နှင့် အကြီးကောင်က လူကြီးတွေကို ခံအော်သည်။


“ဪ...မင်းတို့အဘိုးက မဟုတ်တာ မပြောဘူး ဟုတ်လား”


“ဟုတ်တယ်ဗျ။ ကျုပ်တို့ အဘိုးက မဟုတ်တာ ဘယ်တော့မှ မပြောဘူး။ ကျုပ်တို့ အဘိုးပြောရင် မှန်တာပဲ။ လေဘယ်ဘက်က တိုက်ရင် ဘာငါးရမယ်” -


“တော်စမ်းပါကွာ သွား၊ ဒါ လူတိုင်းသိတယ်။ အလကား သား ငါးရှာနေတဲ့ လူကြီးတွေ အထိတ်တလန့်ဖြစ်အောင် ပေါက်တတ်ကရ။ ရေသူမခေါင်မှာ ငါးရှာမရတိုင်း ဘာဖြစ်လို့ ရွာပျက်ရမှာလဲ။ မိမဆုံးမ ဖမဆုံးမ ကောင်လေးတွေ။ တောက်... သက်သက် လူကြီးတွေ အနှောင့် အယှက်ဖြစ်အောင်”


အငယ်ကောင်လေးကပါ သူ့ကို ခံအော်ရပါမည်လားဟု ပသျှူး ကြီးကောလီက ကောင်လေးနှစ်ကောင်ကို အော်လွှတ်လိုက်၏။

ကောင်လေးနှစ်ကောင်တို့မှာ မကျေမနပ်နှင့်ပင် လူကြီးများကို လှည့်ကြည့် လှည့်ကြည့် လုပ်ကာ ရွာဘက် တက်သွားကြ၏။

တစ်ကောင်တစ်မြီးမှ မရ။ လိပ်ထိုးသမားတွေလည်း ရေသူမ တစ်ချိုင်လုံး လိပ်ထိုးရန် ရှာဖွေကြ၏။ တစ်လုံးတလေသော လိပ်ကိုမျှ မတွေ့ရ။


ထူးခြားပါလား ဟုတော့ အားလုံးက တွေးမိကြ၏။ သို့သော် ဘာကြောင့် ဤချိုင်၌ ခါတိုင်းနေ့တွေလို ငါးတွေ လိပ်တွေ ရှာမရခြင်းကို မည်သူမျှ မသိကြ။

ဦးရွှေဗန်က ပြောသည်ဆိုသော ရွာပျက်မည် ဆိုစကားကိုမူ ပို၍ပင် တွေးမရကြ။ သူတို့ ရွာတွေမှာ အိမ်ခြေလေး နှစ်ဆယ်ပင် မပြည့်သဖြင့် ဤနေရာ၌ သားငါးရှာမရလျှင် နောက်သားငါးရှာမရလျှင် နောက် မလိကမ်းခြေ တစ်နေရာရာသို့ အလွယ်တကူဖြင့် ပြောင်းရွှေ့သွားလေ့ရှိကြသည်။ ဤသည်ကိုပင် ပြောခြင်း လားဟု ထင်ကြ၏။

သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆိုသည်မှာ ရေပေါ်၌သာ တည်၏။ ယခင်ကဆိုလျှင် သူတို့ ဆလုံများသည် ရေပေါ်လှေ၌သာ နေကြ၏။ လှေအစုတွေနှင့် ရေထဲတွင် ရွာတည်နေခဲ့ကြ၏။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းသည်မှာ သူတို့အတွက် မဆန်းလှပေ။ ကျယ်ပြော လှသော ကပ္ပလီပင်လယ်ပြင်ကြီး၏ ကမ်းခြေတစ်လျှောက်သည် သူတို့ အိုးအိမ် အခြေစိုက်ရာ နေရာဒေသချည်းပင်။


သူတို့၏ ဘိုးစဉ်ဘောင်ဆက်များသည်လည်း မြန်မာနိုင်ငံတွင်းသို့ ဤနည်းနှင့်ပင် ချဉ်းနင်းဝင်ရောက်လာကြသူများပင်။ ထို့ကြောင့် ရပ်ပြောင်း ရွာပြောင်းမှာ ဆလုံတွေအတွက် မဆန်းပေ။ အဘိုးကြီးဦးရွှေဗန်သည် ဤသည်ကို ရည်ရွယ်၍ ပြောခြင်းသာဟု ထင်ကြ၏။

အဘိုးကြီးဦးရွှေဗန် ပြောသလို သူတို့ရွာကို ဖျက်ဆီးပစ်မည့် ဘေး အန္တရာယ်ကြီးတစ်ခု မကြာခင် ကျရောက်လာတော့မည် ဆိုသည်ကိုမူ မည်သူမျှ မသိကြသလို ဦးရွှေဗန်တို့ မြေးအဘိုးတစ်တွေ ညတွင်းချင်း ရွာမှ ပြောင်းရွှေ့ ထွက်ခွာသွားကြပြီ ဆိုသည်ကိုလည်း မည်သူမျှ သတိ မထားလိုက်ကြပေ။


 **************


သည်လိုနှင့် နောက်တစ်နေ့ နံနက်ထမှာ ရာဟုထောင့်မှ လေ တဖြူးဖြူး စတိုက်လာ၏။ “မိုးစနေ၊ လေရာဟု”ဟူသော ရှေးလူကြီးများ အဆိုအရ မုန်တိုင်းများ ကျလေမလားဟု သူတို့ စိုးရွံ့စ ပြုလာကြသည်။


တောင်ပင်လယ်မှ လှိုင်းအူသံနှင့်အတူ မကြာခင် မုန်တိုင်းကြီး ကျလာ၏။ ရွာထဲကို လှိုင်းလုံးကြီးတွေ အဆက်မပြတ် တက်လာသဖြင့် ရွာကို စွန့်ခွာပြီး ပြေးကြရသည်။

လှိုင်းထဲလေထဲ မုန်တိုင်းထဲတွင် သေသူသေ၊ ပျောက်သူပျောက်၊ သစ်ပင်၊ အုန်းပင်တွေ လဲကျ၍ ဒဏ်ရာ အနာတရ ဖြစ်သူဖြစ်၊ ရေနစ်သူ နစ်နှင့် တစ်ရွာလုံးမှာ အတိဒုက္ခ ကြီးစွာ ရောက်ကြရသည်။


ထိုအခါမှ ဆလုံကြီးဦးရွှေဗန်က ရေသူမချိုင်တွင် ငါးမျှား လိပ်ထိုး ကြသူများ ငါးမရ၊ လိပ်မရလျှင် ရွာပျက်တတ်သည်ဆိုသော စကားကို သူတို့ အမှတ်ရမိကြသည်။ သို့သော် ဤသို့ မုန်တိုင်းကြီး ကျလာတော့မည်ဆိုလျှင် ရေသူမ ချိုင်တွင် ဘာကြောင့် ငါးရှာ မရ၊ လိပ်ထိုး မရ ဖြစ်တတ်သည်ကိုမူ သူတို့ တစ်ရွာလုံးက ဘာကြောင့်မှန်း မသိကြသေးပေ။


 လေထဲလှိုင်းထဲ မုန်တိုင်းထဲတွင် မျက်စိမမြင် နားမကြား ဖြစ်နေသော ဆလုံကြီးဦးရွှေဗန်ကိုပင် တစ်ရွာလုံးရှိ လူတွေက သေပြီဟု ထင်ထား ကြသည်။

သန်သန်မာမာ လူကောင်းတွေပင် ရေနစ်၍၊ လှိုင်းရိုက်၍၊ သစ်ပင် ပိ၍ သေလျှင် နားမကြား မျက်စိမမြင် ဖြစ်နေသော ဦးရွှေဗန်မှာ ရွာထဲကို လှိုင်းလုံးကြီးများ စတက်လာကတည်းကပင် သေပြီဟု လူတိုင်း ထင်ထား ကြလေသည်။


လှိုင်းလုံးကြီးများသည် ပင်လယ်ထဲမှ သဲများကို သယ်ဆောင် လာကာ သူတို့၏ အိမ်များ၊ စပါးကျီများ၊ ရေတွင်းများကို ဖုံးထားခဲ့ကြ သလို မုန်တိုင်းလေကလည်း ရွာထဲရှိသမျှသော သစ်ပင်၊ အုန်းပင်များကို လှဲပစ်ထားခဲ့သည်။


လေကွယ်ရာ၊ လှိုင်းရေလွတ်ရာမှ ရွာသူရွာသားတွေ ပြန်လာကြ သောအခါ မိမိတို့မိသားစု လူစေ့ မစေ့ကို အလျင် ရှာကြရ၏။ သေသူသေ၊ ပျောက်သူပျောက်မို့ အော်ငိုသံ၊ လူပျောက်အော်ရှာသံ၊ မေးကြ၊ မြန်းကြ ပြောကြ ဆိုကြသံတွေနှင့် တစ်ရွာလုံးမှာ ကျွက်ကျွက်ဆူညံနေလေသည်။ လောလောဆယ်၌မူ သေသူ၊ ပျောက်သူများကိုပင် မရှာအားကြသေးဘဲ

အားလုံးမှာ သောက်ရေအတွက် ဒုက္ခရောက်နေကြရ၏။ ရေအသက် တစ် မနက် ဆိုသည့်အတိုင်းပင် ရေငတ်နေရှာသော ကလေးသူငယ်တွေမှာ အာခေါင်ကိုခြစ်ကာ ရေတောင်းငိုရင်း သတိပင်လစ်သွားတတ်ကြသည်။


ထိုအခါ မိဘများက ရေငန်ကိုပင် အလွယ်တကူ ခပ်တိုက်ကြရ သည်။ သူတို့ရွာရှိ ရေချိုတွင်း အားလုံးမှာ ပင်လယ်မှ ရေငန်များဖြင့် ပြည့်နေသည်။ အချို့ ရေတွင်းတွေဆိုလျှင် သဲဖုံးသွားသဖြင့် ဘယ်နေရာ ရေတွင်းဟုပင် ခန့်မှန်းမရ ဖြစ်သွားကြသည်။

တဲအိမ်များမှာလည်း ထိုနည်း လည်းကောင်းပင်။ လေတိုက်၍ ပြိုကျသွားသော တဲအိမ်များကို လှိုင်းလုံးကြီးတွေက တစ်ခါ ထပ်ရိုက် သဖြင့် တိုင်၊ ထုပ်၊ လျောက်၊ ဒိုင်း၊ မြား စသည်တို့မှာ ကစဉ့်ကလျား ပြန့်ကျဲ၍ လှိုင်းထဲ ရေထဲ မျောပါသွားကြသလို ကျန်သော ပစ္စည်းများ ကိုလည်း သဲက ဖုံးသွားခဲ့ရာ တချို့မှာ မိမိ အိမ်နေရာကိုပင် မိမိ မမှတ်မိ ဖြစ်သွားကြလေသည်။ 


လောလောဆယ်မှာတော့ အသက်ရှင် ကျန်ရစ်သူများအတွက် သောက်ရေသည် အသက်တမျှ အရေးကြီးနေကြလေ၏။

ထိုအချိန်၌ပင် ဦးရွှေဗန်နှင့် သူ့မြေးနှစ်ယောက်သည် ရွာအရှေ့ မြောက်ဘက်ရှိ နွားလဘို့ကျောက်တောင်မှ ရွာဘက်သို့ ဆင်းလာကြ၏။

နားမကြား မျက်စိမမြင်သော ဆလုံအဘိုးကြီးဦးရွှေဗန်ကို သူ့မြေး နှစ်ယောက်က တစ်ယောက်တစ်ဖက်စီ တွဲ၍ ရွာထဲသို့ ဝင်လာကြ၏။

သေပြီဟု ထင်ထားသော ဦးရွှေဗန်ကို မြင်ရသောအခါ ရွာသူ ရွာသားတွေမှာ ဖုတ်သဘက်ဝင်လာသူ တစ်ယောက်ကို ပြန်တွေ့ရသလို အံ့ဩသွားကြလေသည်။


လူကောင်းများပင် သေကျေပျောက်ဆုံးနှင့် အနာတရ ဖြစ်ကြရ သည့်အထဲ ဤနားမကြား မျက်စိမမြင်သော အဘိုးကြီးက အသက်ရှင် ကျန်ရစ်သည်မှာ အံ့စရာပင်။ ထို့ကြောင့်လည်း 


“အဘ ဘယ်မှာသွားနေလဲ၊ မုန်တိုင်းကြီး ထမယ်၊ ရွာကို လှိုင်းလုံးကြီးတွေ တက်လာမယ်ဆိုတာ အဘ ဘယ်လိုလုပ်သိလဲ၊ ဘယ်မှာ သွားပုန်းနေလဲ”


စသည်ဖြင့် ဦးရွှေဗန်ကို ရွာသူရွာသားတွေက ဝိုင်းမေးကြသည်။

သို့သော် မောပန်းနွမ်းနယ်လာသော ဦးရွှေဗန်မှာလည်း တစ် ယောက်တစ်ပေါက် မေးနေကြသော ရွာသူရွာသားတွေ၏ အမေးအမြန်းကို လောလောဆယ် မဖြေအားသေးဘဲ ရွာ၏ အခြေအနေကိုသာ သူက လည်း သိချင်သလို အလျင်မေး၏။


ရွာသူရွာသားတွေကလည်း ရွာ၏ အခြေအနေကို ပြောပြကြ၏။ လောလောဆယ်တွင် သောက်ရေ အခက်အခဲကြောင့် တချို့များဆိုလျှင် ရေငတ်တိုင်း ရေငန်တွေကို ခပ်သောက်မိ၍ ဝမ်းပင်လျှောနေကြောင်း အဖြစ်မှန်အတိုင်း ပြောပြကြသည်။

ထိုအခါ ဦးရွှေဗန်က လူကြီးတွေကို တဖျစ်တောက်တောက် ဆဲဆို ရေရွတ်တော့သည်။


“ဟဲ့ ကလေးတွေ ရေဆာလို့ ရေငန်တွေ ခပ်သောက်ကြရင် ဝမ်းလျှောပြီး သေကုန်တော့မှာပဲ၊ မင်းတို့ မိဘတွေက ဒီလောက်တောင် အသိဉာဏ် ခေါင်းပါးရလား”


“ဟာ... အသိဉာဏ် မခေါင်းပါးလို့ ဘယ်လိုလုပ်မလဲ အဘရယ်။ ရွာထဲက ရေချိုတွင်းတွေ အားလုံး ရေငန်တွေ ဝင်ပြီး သဲတွေ ဖုံးကုန်ပြီဗျ။ ကလေးတွေမပြောနဲ့ ခုဆို ရေငတ်နေတဲ့ လူကြီးတွေတောင် အာသာပြေ ရေငန်တွေ သောက်နေကြရပြီ။ ဘယ့်နှယ်လုပ်မလဲ” '


 လူကြီးတစ်ယောက်က ပြောလိုက်၏။


“အဲဒါ... မင်းတို့ အသိဉာဏ်နည်းတာပေါ့။ တို့ရွာ ဒီလောက် အုန်းပင်တွေပေါတာ ကလေးတွေကို အုန်းသီးရည်တွေ တိုက်ကြမှပေါ့”


“ဟာ ဟုတ်သားပဲ”


အဘိုးကြီးပြောမှ သူတို့မှာ ရေဆာ၍ ငိုယို အော်ဟစ်နေကြသော ကလေးများကို အုန်းသီးရည် တိုက်ကြရမှန်း သတိရကြသည်။

မုန်တိုင်းကြီးက ပစ်လှဲထားခဲ့သော အသီးတန်းလန်းနှင့် အုန်းပင် တွေမှာ တစ်ရွာလုံး တုံးလုံးပက်လက် ဖြစ်နေကြသည်။

သည်လိုနှင့် လောလောဆယ် ရေပြဿနာ ပြေလည်သွား၏။ အဘိုးကြီး အကြံပေးသည့်အတိုင်း အုန်းသီးရည်များကို တစ်ရွာလုံးပင် ကလေး လူကြီးမကျန် သောက်ကြရင်း ရေချိုတွင်းတွေကို ဦးစွာ တူးဖော်ကြရသည်။ ပြီးမှ အုန်းသီးတွေကို စားရင်း ဆန်စပါးနှင့် ဆား၊ ငါးပိ စသည့် စားနပ်ရိက္ခာကိစ္စ လုံးပန်းကြရသည်။


ညနေရောက်၍ အတော်အသင့် အနေအထား ကျပြီးသောအခါ ရေသူမချိုင်တွင် ငါးရှာ မရ၊ လိပ်ထိုး မရခြင်းနှင့် မုန်တိုင်းကြီး တိုက်ခတ် လာခြင်းတို့သည် မည်သို့မည်ပုံ ဆက်သွယ်နေကြသည်ကို အဘိုးကြီး ဦးရွှေဗန်အား ဝိုင်းဝန်း မေးမြန်းကြရလေ၏။  အဘိုးကြီး၏ ပြောပြချက်အရ ဤသို့ အဖြစ်အပျက်မျိုးကို သူငယ် စဉ်က တစ်ခဲ ကြုံဖူးသည်ဟု ဆိုသည်။


ရေသူမချိုင်၌ ငါးရှာမရခြင်းမှာ ပင်လယ်၌နေကြသော လင်းရှူး၊ လင်းပိုင် စသည့် သားကြီးငါးကြီးများ မုန်တိုင်းကြီး ကျတော့မည်ကို အတပ် သိသဖြင့် ရေသူမအိုင်ထဲ လာဝင်ခိုနေကြသဖြင့် ဖြစ်၏။

လင်းရှူး၊ လင်းပိုင် စသည့် သားငါးကြီးများမှာ အဆိပ်ပြင်းသော ငါးများ ဖြစ်ကြသဖြင့် သူတို့ ဝင်ရောက်လာကြသောအခါ တခြား ငါး၊ လိပ်များ ရှောင်ပြေးသွားကြသဖြင့် ဖြစ်လေသည်။

ရွာသူရွာသားများမှာ အဘိုးကြီးဦးရွှေဗန် ရှင်းပြမှ အဖြစ်မှန်ကို သိသွားကြလေသည်။


* * *


မုန်တိုင်းကြီး ကျပြီးခါစ ညဖြစ်သဖြင့် ကောင်းကင်သည် မိုးသား တိမ်တိုက်တို့မှ ကင်းစင်ကာ ကြည်လင်နေ၏။ လဆန်းဆယ့်သုံးရက် လ သည်လည်း ကြယ်တာရာများ ဝန်းရံခကာ ထွန်းပ သာယာနေလေသည်။

သည်လိုအချိန်မှာပင် ဦးကောလီအိမ်သို့ ဂေါလာကြီး ရောက်လာ၏။

ခရီးရောက်မဆိုက်ပင် “အဘ ကြားပြီးပလား”ဟု ဂေါလာကြီးက မေး၏။ ဦးကောလီမှာ ရင်ထိတ်သွား၏။ အုန်းသီးရည်ကို သောက်ရ

ကောင်းမှန်း မသိခင်က ရေငန်သောက်ထား၍ ဝမ်းလျှောနေသော ရွာသူ ရွာသား ကလေးသူငယ်များထဲက တစ်ယောက်ယောက် သေပြန်ပြီဟု အတပ်ထင်လိုက်၏။

ထို့ကြောင့် “ဘယ်သူလဲကွ”ဟု မေးလိုက်သည်။


“ဗျာ”


ဦးကောလီ၏အမေးကို ဂေါလာကြီးက ရုတ်တရက် သဘော မပေါက် ဖြစ်သွားသည်။ ။


“ဘယ်သူ ဆုံးတာလဲ၊ အဲဒါ မင်း မေးတာ မဟုတ်လား”


 “မဟုတ်တာဗျာ။ မဆိုကောင်း မပြော... “


"ဒါဆို မင်းဟာက ဘာလဲကွ”


“ငှက်ရဲကျောက်ဆောင်များမှာ စက်လှေကြီးတစ်စီးပျက်နေတယ် တဲ့။ ပစ္စည်းတွေလည်း အရမ်းပဲတဲ့ဗျ။ အဲဒါ ခု ရွာဖျားက လူတွေ သွားယူ နေကြတယ်။ ခု ကျွန်တော်လည်း သွားမလို့ အဘကို လာပြောတာ”


“ဟေ... ဟုတ်လားကွ။ ဒါဆို သွားကြမယ်လေ၊ ဘာပစ္စည်းတွေ လဲကွ။ ဧကန္တ မုန်တိုင်းကြီး တိုက်တုန်းက လွင့်ပါလာပြီး ပျက်တာ ဖြစ်ရ မယ်”


“ဒါပဲ နေမှာပေါ့”


“အေးကွ၊ လာလာ သွားကြမယ်။ ဘာပစ္စည်းတွေ ရကြသလဲ။ အဲဒီ စက်လှေပေါ်က လူတွေကော မပါဘူးလား”


“လူတွေက သေကုန်ပြီ နေမှာပေါ့ဗျ။ စက်လှေကြီးတောင် ဟိုတစ်ပိုင်း ဒီတစ်ပိုင်းနဲ့ ထင်းဖြစ်ကုန်ပြီတဲ့။ ပစ္စည်းတွေတော့ ကျွန်တော်လည်း မမြင်ရ သေးလို့ ဘာတွေမှန်း မပြောတတ်သေးဘူး။ သံဘောဒူတို့ ညီအစ်ကိုက တစ်ဆင့် ပြန်ပြောလို့ သိရတာ။ သူတို့ ညီအစ်ကိုတော့ ကျွန်တော် ဒီထွက် လာကတည်းက ငှက်ရဲကျောက်ဆောင်ဘက် သွားကြလေရဲ့”


ဦးကောလီနှင့် ဂေါလာကြီးတို့သည် စကားလေးတပြောပြောနှင့် ငှက်ရဲကျောက်ဆောင်ဘက် ထွက်လာကြလေ၏။


* * * 


လသာနေသဖြင့် ငှက်ရဲကျောက်ဆောင် ကျောက်တန်းအနားရှိ လူတွေကို အတော်လှမ်းလှမ်းကပင် မြင်ကြရသည်။ သူတို့ထက် စောစွာ ရောက်နှင့်နေကြသော ရွာသူရွာသား ကလေးသူငယ်များမှာ ကျောက် ဆောင်နားတစ်ဝိုက်တွင် ရှုပ်ယှက်ခတ်နေကြ၏။


ဦးကောလီနှင့် ဂေါလာကြီးတို့သည် ငှက်ရဲကျောက်ဆောင်များ ရောက်လာကြ၏။ သူတို့နောက်မှ သတင်းကြားနှင့် လိုက်လာကြသူများ ကိုလည်း သဲခုံတန်းအစတွင် လှမ်းမြင်နေကြရသည်။

သံဘောဒူ၏သားကြီး အောင်ပွင့်ကို ပစ္စည်းတစ်ပုံနှင့် ကျောက် ဆောင်နားက သဲပြင်သောင်စတွင် တွေ့ရ၏။


 “အောင်ပွင့် ဒါစက်လှေပျက်က ရတဲ့ပစ္စည်းတွေလားကွ"


 “ကျွန်တော်လည်း မသိဘူး ဦးကြီး။ အဘက စောင့်ခိုင်းထားလို့” 


“ခု မင်းအဖေကော” 


“ဟိုဘက်မှာ ပစ္စည်းတွေ လျှောက်ရှာနေတယ်”


အောင်ပွင့် လက်ညှိုးညွှန်ပြရာဘက်သို့ ဦးကောလီနှင့် ဂေါလာကြီး တို့ ခပ်သွက်သွက် လျှောက်လာကြ၏။လက်ဦး ရောက်နှင့်နေကြသူများသည် ရသမျှသော ပစ္စည်းတွေကို သားသမီးများအား စောင့်ဆိုင်းထားစေကာ သောင်ပြင်တွင်ဖြန့်၍ ပစ္စည်း ရှာနေကြ၏။ ဦးကောလီနှင့် ဂေါလာကြီးတို့သည်လည်း အများနည်းတူ သောင်ပြင်များ ကျောက်ဆောင်များတွင် ပစ္စည်းများ လျှောက်ရှာကြ၏။


စည်ဘူးများ၊ ပလတ်စတစ်အိတ်များ၊ အမျိုးအမည် မခွဲခြားတတ်သော သေတ္တာငယ်များကို ရသမျှ ကောက်စုကြသည်။ နောက် ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီနှင့် ထီး၊ ဖိနပ်များကိုလည်း ရကြ၏။ ''

သူတို့ အမက်မောဆုံးမှာ ထီး၊ ဖိနပ်နှင့် အဝတ်အထည်များပင်၊ သံဘူးများ၊ ပုလင်းများ၊ ပလတ်စတစ်ထုပ်များကိုလည်း လိုလိုမည်မည် ကောက်သိမ်းကြ၏။

ထိုပစ္စည်းများကို သယ်ဆောင်လာသည်ဟု ထင်ရသော စက်လှေ ကြီးမှာမူ သုံးလေးပိုင်းကျိုးကာ သစ်သားပျဉ်ချပ်တွေက သောင်ပြင်တွင် ပြန့်ကျဲနေကြသည်။ သဲဖုံးသွားသဖြင့် အစအနသာ ပေါ်နေသော စက်လှေပျက်နားတွင် လူတွေက အုံနေ၏။ သဲထဲကို ယက်တူး၍ ရှာဖွေ ဖော်ယူနေကြသည်။ စက်လှေပျက်နားတွင် ပစ္စည်းများများရသဖြင့် လူတွေက သူ့ထက်ငါဦးအောင် ယက်ယူနေကြ၏။


တစ်ယောက်စကား တစ်ရာနားဖြစ်ကာ ရွာထဲတွင်ရှိသမျှ မိန်းမ ယောက်ျား ကလေးသူငယ်များပင် ငှက်ရဲကျောက်ဆောင်များ အားလုံး ရောက်လာကြ၏။

ပစ္စည်းတွေကို ရနေသဖြင့် လောလောဆယ်မှာ တစ်နေ့က မုန်တိုင်းကြီး တိုက်သွားသည်ကိုပင် မေ့နေကြ၏။ မိမိတို့၏ အိမ်ရာကို ပြန်လည် တည်ဆောက်ကြရန်ထက် ပစ္စည်းရရှိရေးက အရေးကြီးနေကြ သဖြင့် အားလုံး ငှက်ရဲကျောက်ဆောင်များတွင် ရှုပ်ယှက်ခတ်နေကြ၏။

သူတို့တစ်ရွာလုံးရှိ လူတွေမှာ တစ်ညလုံး ပစ္စည်းရှာကြသည်။ နံနက်ထ နေရောင်ခြည်များက ပင်လယ်ကမ်းစပ်ကို ထိုးကျလာသည်ထိ ပစ္စည်းရှာကောက်၍ မပြီးနိုင်ကြသေး။ စက်လှေပျက်နားတွင် ပစ္စည်းတွေ ကုန်သွားသော်လည်း သောင်စပ်၊ ကျောက်တုံးကျောက်ဆောင်တွေကြား ထဲတွင်လည်း ထပ်ရှာကြသည်။ 


 ပစ္စည်းမျိုးစုံတွေမှာလည်း သူတို့ ထပ်ရှာသမျှ တစ်ခုစ နှစ်ခုစ ရရှိနေကြသဖြင့် လူတွေမှာ ထမင်းမေ့ ဟင်းမေ့ ဖြစ်နေကြသည်။

ဂေါလာကြီးသည် ကျောက်ဆောင် ခြေရင်းနားက သဲပြင်တစ် နေရာကို ယက်ထုတ်လိုက်ရာ လူသေအလောင်းတစ်လောင်း၏ မျက်နှာက ပေါ်လာသည်။မျက်လုံးပြူးပြူးကြီးနှင့် လူသေအလောင်းကြီးကို ယက်မိသော ဂေါလာကြီးက “ဟာ”ဟု လန့်အော်လိုက်၏။


“ဘာပစ္စည်းလဲကွ”


 “ပစ္စည်း မဟုတ်ဘူးဗျ။ လူသေအလောင်းကြီး”


ဦးကောလီ၏အမေးကို ဂေါလာကြီးက အထိတ်တလန့် ပြန်ပြော လိုက်၏။


“ဟေ... ဟုတ်လား။ ပြန်ဖုံးကွ၊ ပြန်ဖုံး။ ဒါ... ဒါ ဟိုစက်လှေက လူတွေ ဖြစ်ရမယ်”


“ဟုတ်မယ်”


 ဟု ပြောပြီး ဂေါလာကြီးက လူသေအလောင်းကို သဲနှင့် ချက်ချင်း ပြန်ဖုံးပစ်လိုက်၏။


ဇာတ်သိမ်းဆက်ရန်

စာစီ-ဇေယျာမိုး

ညနေ၆နာရီ၂၃မိနစ်


လမ်းသစ်     


ဖိုးကျော့


ဇာတ်သိမ်းပိုင်း


သည်လိုနှင့် သူတို့ ရွာသူရွာသားများသည် စက်လှေကြီးပေါ်က ရသမျှသော ပစ္စည်းတွေကို ရွာသို့ သယ်ယူကြ၏။ သူတို့ အနှစ်သက်ဆုံး အရာဝတ္ထုများမှာ အဝတ်အထည်တွေနှင့် ထီး၊ ဖိနပ်များသာ။ 

ဘာအသုံးဝင်မှန်း မသိ။ ဘယ်လိုလုပ်ရမှန်း မသိသော ပုလင်း လှလှများ၊ စည်ဘူးလှလှများနှင့် သေတ္တာငယ်လှလှများ၊ ပလတ်စတစ် ထုပ်များကိုမူ ကလေးများက ကစားစရာအဖြစ် သဘောထားကြသည်။


 ရေငန်တွေ စိုရွှဲနေသော အဝတ်အထည်များနှင့် ခေါက်ထီးများကို ဆွေးကုန်မှာစိုး၍ လူကြီးများက ရေချိုတွေနှင့် လျှော်ဖွပ်ဆေးကြောနေကြ ချိန်တွင် ကလေးများသည် ပလတ်စတစ်အိတ်တွေကို ဖောက်ကာအထဲမှ အဖြူ၊ အပြာ၊ အဝါ၊ အနီ အလုံးအတောင့်တွေနှင့် တစ်ဦးကိုတစ်ဦး ပစ်ပေါက်ဆော့ကစား၍ ပျော်နေကြသည်။ ။ ၊ သံဘူးတွေကို ဖောက်၊ ပုလင်းတွေကို အဖုံးဖွင့်ပြီး အထဲက အညို ရောင်အမှုန့်များနှင့်လည်း ပစ်ပေါက်ကစားကြ၏။

“အထဲက အနံ့က မွှေးတယ်ဗျ”ဟု ဆိုပြီး အချို့ကလေးများက လျှာနှင့်တို့ စမ်းကြည့်ကြသည်။ “ချိုတယ်ဟ” ဟု ပြောပြီး စားသော ကလေးများက စားကြ၏။ “ဟ... သိပ်မစားကြနဲ့ကွ တောက်မလား မသိဘူး”ဟု ခပ်ရွယ်ရွယ်ကလေးက သတိပေးသောအခါ ချို၍ စားမိကြ

သော ကလေးတွေမှာ ပါးစပ်ထဲက အမှုန့်တွေကို ကျွံထွန်နှင့် ပြန်ထွေးထုတ် ကြရပြန်သည်။


- အချို့ ကြံကြံဖန်ဖန် ဆော့ကစားတတ်သောကလေးကမူ ကြုတ် အတောင့် တစ်တောင့်အထဲထဲက အဖြူရောင် စေးပျစ်ပျစ် အရည်တွေကို ညှစ်ထုတ်ကာ မျက်နှာကိုလိမ်းပြီး တစ်ဦးနှင့်တစ်ဦး ခြောက်လှန့်ကစား ကြ၏။ လူကြီးတွေ ပစ္စည်းရှာစဉ်က သဲပြင်ထဲ လူသေအလောင်းများ တွေ့ကြသည်ဆိုသော နားသန်းနားဝါ စကားကို အစွဲပြုကာ “စက်လှေသရဲ လာပြီဟေ့”ဟု ငယ်ရွယ်သူများကို ပြေးလိုက်၍ ခြောက်ကစားကြ၏။

တစ်မျက်နှာလုံးကို အဖြူသုတ်လိမ်းထားပြီး ငယ်ရွယ်သူများကို ခြောက်ကစားရုံနှင့် အားမရသေးသော သူ့ထက်ငါကဲ ကလေးအချို့သည် သစ်ပင်ပေါ်တက်ကာ ကြုတ်ထဲမှ အဖြူနှစ်အချွဲအပျစ်တွေကို ညှစ်ချကြ၏။ကြတ်ထဲမှ အဖြူအနှစ်တွေ ပြတ်မကျဘဲ တစ်ဆက်တည်းကျအောင် ပြိုင်ကြ၏။


 ရေဒီယိုကက်ဆက်တွေ၊ သွားတိုက်ဆေးတွေ၊ မိုင်လို၊ အိုဗာတင်း တွေ၊ နိုင်ငံခြားဆေးပြား ဆေးလုံးတွေကို သုံးစွဲရကောင်းမှန်း မသိသော လူကြီးတွေကလည်း ပုလင်းတွေ၊ ဘူးတွေကို ဖောက်ပြီး ပုလင်းခွံ၊ ဘူးခွံတွေ ကိုသာယူကာ ဆေးတွေ၊ မိုင်လို၊ အိုဗာတင်းတွေကို သွန်ပစ်ကြ၏။ သူတို့ သုံးရကောင်းမှန်းသိသော ပစ္စည်းတွေမှာ အဝတ်အထည်များနှင့် ထီး၊ ဖိနပ်များသာ ဖြစ်၏။


 ထို့ကြောင့်လည်း ယခင်က ပသျှူးဘောင်းဘီပွများကိုသာ ရိုးရာ အလိုက် ဝတ်ဆင်ကြသော ယောက်ျားများမှာ ယခုအခါ တစ်ရွာလုံး ဂျင်း

ဘောင်းဘီ၊ ဂျင်းအင်္ကျီ၊ တီရှပ်တွေနှင့် ဖြစ်ကုန်ကြသည်။ တစ်ခါမျှ ဖိနပ် မစီးခဲ့ကြသော သူတို့ခြေထောက်တွေမှာ ယိုးဒယားကွင်းထိုးဖိနပ်တွေနှင့်။ တစ်သက်လုံး ခမောက်ဆောင်းခဲ့ကြသော သူတို့ခေါင်းပေါ်တွင် ခေါက်ထီး တွေနှင့် ဖြစ်ကုန်ကြ၏။

" သစ်ခေါက်ဆိုးအနက်ထည် တစ်ခုတည်းကိုသာ ဝတ်ဆင်လေ့ရှိ ကြသော ပသျှမ၊ ဆလုံမတွေ တစ်ကိုယ်လုံးမှာလည်း ယခုအခါ အင်ဒိုနီးရှား ပါတိတ်တွေ၊ စွပ်ကျယ်ဗိုက်ဖုံးအကျီတွေနှင့် တစ်ယောက်ကိုတစ်ယောက် အထပ်ထပ် ဝတ်စား၍ ပြောင်ကြ နောက်ကြ ရယ်ကြ မောကြနှင့် တစ်ရွာလုံး ပျော်နေကြလေ၏။


* * *


သည်လိုနှင့် တစ်နေ့မှာ ဘယ်ကဘယ်လို သတင်းပြန့်လာသည် မသိ။ သူတို့ စက်လှေပျက်ဆီက ရထားကြသော ပစ္စည်းတွေမှာ အစိုးရ မင်းများပိုင် ပစ္စည်းလိုလို၊ သမဝါယမပိုင် ပစ္စည်းလိုလို သတင်း သိုးသိုး သန့်သန့် ထွက်လာ၏။

ထိုအခါ မင်းပြစ်မင်းဒဏ် သင့်တော့မည်ဟူသော အစွဲအလမ်းနှင့် အကြောက်လွန်ကာ ကိုယ်ပေါ်ဝတ်ထားသော အဝတ်အထည်များကိုပင် ချက်ချင်းချွတ်ပြီး ဝှက်သူဝှက်၊ ဖျောက်ဖျက်သူဖျောက်ဖျက်၊ သဲထဲ ကျင်းနက်နက်တူး၍ မြှုပ်သူမြှုပ်နှင့် တစ်ရွာလုံး အထိတ်တလန့် ဖြစ်ကုန်ကြ ပြန်၏။

သည်လိုနှင့် တစ်ရက်နှစ်ရက် အကြာမှာ မော်တော်ဘုတ်တစ်စီးနှင့် သူတို့ဆီကို မြိတ်ထားဝယ်သား ဧည့်သည်သုံးယောက် ရောက်လာကြသည်။


ရွာက လူကြီးတွေကို တစ်ယောက်မကျန် စက်လှေပျက် ဘယ်နေ ရာရှိကြောင်း လိုက်မေးကြ၏။ အစိုးရသူလျှိုတွေ ထင်၍ အစက မည်သူမျှ မပြောဝံ့ကြ။ နောက် ထိုသူသုံးယောက်က သူတို့သည် အစိုးရလူများ မဟုတ်၊ သတင်းကြား၍ မြိတ်ထားဝယ်မှ လာကြသူများ ဖြစ်ကြောင်း၊ စက်လှေပျက်မှ သူတို့ ရထားသော ပစ္စည်းများကို ပိုက်ဆံပေး ဝယ်မည် ဖြစ်ကြောင်း ဧည့်သည်သုံးယောက်က အာမဘန္တေခံကာ ကျိန်တွယ် သစ္စာ ဆို၍ ပြောပြကြသည်။


ထိုအခါကျမှ ရွာသားကြီးတွေက စက်လှေပျက်ကြီးရှိရာ ငှက်ရဲ ကျောက်ဆောင်များ ခေါ်သွားပြီး ထိုဧည့်သည်သုံးယောက်ကို လိုက်ပြရဲကြ သည်။

ဧည့်သည် လူစိမ်းသုံးယောက်သည် ထိုရွာသားတွေ အကူအညီနှင့် စက်လှေပျက်မှ စက်ပစ္စည်းများကို တူးဖော်ယူကြ၏။ ရွာသူရွာသားတွေ ရထားသော ပစ္စည်းများကိုလည်း ငွေစက္ကူတွေ ပေး၍ ဝယ်ယူကြ၏။


အထူးသဖြင့် ဧည့်သည်သုံးယောက်သည် သူတို့ ရွာသူရွာသား တွေက ဘာမှန်း မသိ၍ ပစ်ထားကြသော သေတ္တာငယ်များကိုလည်း အငမ်းမရ ကောက်ယူကြ၏။ ထိုသေတ္တာငယ်များရှိ အဖုအချိုင့် ခလုတ် များကို နှိပ်ကာ နားထောင်ကြ၏။ သေတ္တာထဲက အသံတွေ မြည်လာ သောအခါ ရုတ်တရက် သူတို့ ရွာသူရွာသားတွေမှာ လန့်ကုန်ကြသည်။


နောက်မှ ထိုဧည့်သည်သုံးယောက်က သေတ္တာငယ်များမှာ ရေဒီယို ကက်ဆက်ဖြစ်ကြောင်း ပြောပြပြီး သူတို့၏အသံများကိုပင် ဖမ်းပြကြ သည်။ ရွာသူရွာသား ဆလုံ၊ ပသျှူးများမှာ အံ့ဖွယ်သရဲဖြစ်ပြီး ဧည့်သည်သုံး ယောက်နှင့် ရေဒီယိုကက်ဆက်နားတွင် ဝိုင်းနေကြသည်။

ထို ရေဒီယိုကက်ဆက်များကိုလည်း ပိုက်ဆံပေးပြီး ဝယ်မည် ဆိုသောအခါ ယခင်က သူတို့ လွှင့်ပစ်ထားသော ရွာစသဲသောင်များပေါ်သွားရှာ၍ ရသမျှကို ရောင်းကြပြန်၏။

ရွာ၌ပစ္စည်းများ ထက်ဝက်ကျော်ကျော် ဝယ်ပြီးသောအခါ ဧည့်သည် များမှာ ပိုက်ဆံကုန်သွားလေသည်။ သို့သော် နောက်တစ်ခေါက် လာဦး မည်။ ရသမျှသော မဝံ့မရဲဖြစ်၍ ဝှက်ပြုထားကြသော ပစ္စည်းများကို ရှာဖွေထားကြပါ။ နောက်တစ်ခေါက်ဆိုလျှင် ဤထက် ဈေးများများ ပေး မည်ဟု မှာထားခဲ့ကြ၏။


တစ်ရွာလုံးရှိ ဆလုံတွေ၊ ပသျှူးတွေမှာ သူတို့ တစ်သက်တာ၌ တစ်ခါမျှ မမြင်ဖူး မကိုင်ဖူးဘူးသော ငွေစက္ကူတွေကို မြင်ရ၊ ကိုင်ရ၍ ပျော်ကျန်ခဲ့ကြ၏။


ဧည့်သည်များ မှာသွားကြသလို စက်လှေပျက်ဆီမှ ပစ္စည်းမျိုးစုံ တို့ကိုလည်း ကောက်သင်းကောက် စုဆောင်းနေကြသည်။

လောလောဆယ်တွင် မုန်တိုင်းကြီးထဲ သေသွားသူ၊ ပျောက်သွား သူများကိုပင် မေ့သွားကြသည်။ လောဘကြီးလှသော မိန်းမများဆိုလျှင် နောက်ထပ် မုန်တိုင်းကြီးတစ်ခု မြန်မြန် ကျလာပါစေ၊ စက်လှေကြီးတွေ တစ်စင်းမက နှစ်စင်း သုံးစင်း ဆယ်စင်းပင် သူတို့အနား လာပျက်ပါစေဟု ဆုတောင်းမိကြပေမည်။


* * * 


ဧည့်သည်ကြီးများ မှာသွားသောစကားကို သူတို့သည် နေ့စဉ်နှင့် အမျှ သတိရပြီး ပစ္စည်းများစုဆောင်းကြ၏။ အကြွင်းအကျန်များကို နေရာ အနှံ့အပြား၌ ထပ်၍ထပ်ခါ ရှာဖွေကြ၏။ ရတန်သမျှသော ပစ္စည်းများ ကိုကြည့်ကာ ပီတိဖြစ်စွာနှင့် ဧည့်သည်များကို မျှော်နေကြ၏။

သို့သော် သူတို့ မျှော်နေကြသော ဧည့်သည်များ ပြန်သွားပြီး သုံး ရက်ပင် မကြာသေး။ နောက်ထပ် ဧည့်သည်လေးငါးယောက် ရောက် လာကြပြန်၏။

ပထမဧည့်သည်များနည်းတူ ဒုတိယဧည့်သည် လေးငါးယောက် ကလည်း သူတို့ဆီက ပစ္စည်းတွေကို ငွေစက္ကူတွေ ပေး၍ ဝယ်ကြပြန်၏။


ဆလုံများ၊ ပသျှူးများမှာ သစ္စာကြီးသူများ ဖြစ်ကြသဖြင့် ချက်ချင်းဒုတိယဧည့်သည်များကို မရောင်းကြသေး။ ပထမဧည့်သည်များ မည်သို့ မည်ပုံ အမှာရှိထားခဲ့ကြသည်များကိုလည်း ပြောပြကြ၏။ - ထိုအခါ ဒုတိယဧည့်သည်များသည် ပထမဧည့်သည်များထက် ဈေးပိုပေးကြ၏။ ပထမဧည့်သည်များသည် သူတို့ပစ္စည်းများကို မတန် တဆ ဈေးနှိမ်၍ ဝယ်သွားကြကြောင်းကိုလည်း ရွာသူရွာသားများ နား လည်အောင် အထပ်ထပ်အခါခါ ပြောပြကြ၏။

သူတို့ပြောပြမှ ရွာသူရွာသားတွေမှာ သူတို့ပစ္စည်းများကို ပြန် နှမြောမိကြသည်။ ဈေးနှိမ်၍ ဝယ်သွားသော ပထမဧည့်သည်များကိုလည်း စိတ်ဆိုးကြသည်။ ထို့ကြောင့် ရှိသမျှပစ္စည်းတွေကို ဒုတိယ ရောက်လာ သော ဧည့်သည်များအား ပုံအော ရောင်းချကြလေသည်။

ဒုတိယဧည့်သည်များသည်လည်း ပထမဧည့်သည်များနည်းတူ ငွေကုန်၍ ပြန်သွားကြပြန်သည်။

-သည်လိုနှင့် ဧည့်သည်လူစိမ်းများ တစ်သုတ်ပြီးတစ်သုတ် ရောက် လာကြရာ သူတို့ရွာမှာ ဧည့်သည်မပြတ် ဖြစ်လာ၏။

ပစ္စည်းတွေကုန်ပြီ ဖြစ်သော်လည်း သူတို့သည် လက်ကျန် တစ်ခု တလေများ ရလိုရငြား မျှော်လင့်ချက်နှင့် လာနေကြ၏။

နောက်နောက် ရောက်လာကြသော ဧည့်သည်များနှင့် ဒုတိယ တစ်ခေါက်၊ တတိယတစ်ခေါက် ရောက်လာကြသော ဧည့်သည်များသည် သူတို့ရွာ၌ ဆုံစည်းမိကြသည်။

ထိုအခါ တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့မိတ်ဖွဲ့ ကြ၏။ စက်လှေပျက် ရှိရာအနားသို့ အဖွဲ့လိုက် အစုလိုက် သွားကြ၏။ ဘာတွေ တိုင်ပင်၍ ဘာတွေ အကြံဉာဏ်ထုတ်ကြသည် မသိ။ တစ်နေ့လုံး ငှက်ရဲကျောက်ဆောင်နှင့် ရေသူမချိုင်ကို အခေါက်ခေါက်အခါခါ သွား ကာ အလုပ်ရှုပ်နေကြသည်။

ရွာရှိ ဆလုံများ၊ ပသျှူးများမှာ သူတို့ ဘာလုပ်နေကြသည်ကို လုံးဝ မရိပ်မိကြပေ။ လူကြီးတွေက ဘာလုပ်ကြတာလဲဟု တစ်စွန်းတစ်စ မေးကြ၏။ နောက်တော့ သိရမှာပေါ့ဟုလောက်သာ မပြောချင်ပြောချင် နှင့် မပွင့်တပွင့် ပြောကြ၏။


ဆလုံတွေ၊ ပသျှူးတွေမှာ ရိုးသားကြ၍ စိတ်ဆတ်ကြသူများပီပီ နောက်တော့ ဘယ်ဧည့်သည်ကိုမှ ထိုကိစ္စ မမေးကြတော့။ ဘာသာလဝါ နေလိုက်ကြ၏။

“သူတို့ ထမင်းလာစားမယ် ပိုက်ဆံပေးပါ့မယ်”ဟု ပြောလျှင်လည်း ထမင်းချက်ကျွေးကြ၏။ ပိုက်ဆံပေးလျှင်လည်း ငြင်းကြသည်။ သူတို့ဆီက ပစ္စည်းအမြောက်အမြား ဝယ်ဖူးသော ဧည့်သည်များဆီက ထမင်းဖိုး ပိုက်ဆံယူရမှာ သူတို့က အားနာနေကြသည်။သို့သော် ဧည့်သည်များက အတင်း ပေးကြ၏။ သူတို့ပေးသော ပိုက်ဆံကို မယူလျှင် ရွာသူရွာသားတွေ ကျွေးသော ထမင်းကိုလည်း မစား တော့ဟု အကျပ်ကိုင်လာကြသည်။ ထိုအခါ သူတို့မှာ ထမင်းဖိုး ယူကြသည်လိုနှင့် ဧည့်သည်များ ပြန်သွားကြပြန်သည်။

*

*

*


တစ်လကိုးသတင်း ပျောက်ကွယ်သွားကြသော ဧည့်သည်များကို ကြာသော်... သူတို့ မေ့စပြုလာကြသည်။ သို့သော် ဧည့်သည်များ အကြောင်းကိုကား ငါးရှာရင်း၊ လိပ်ထိုးရင်း ပြောကြဆိုကြတုန်းပင် ရှိသေး၏။

သည်လိုနှင့် တစ်နေ့မှာ အံ့ဩစရာအဖြစ်နှင့် ကြုံကြရသည်။

ရေသူမချိုင်တွင် ငါးများ၊ လိပ်ထိုး၊ ငါးပိုက်တန်း ချနေကြသော ရွာသားကြီးများ အားလုံး တအံ့တဩနှင့် ရေသူမချိုင်ထဲ ဝင်လာသော စက်လှေကြီးတစ်စီးကို ငေးကြည့်နေကြသည်။ စက်လှေကြီးသည် သူတို့ ရွာနှင့် အနီးဆုံး ရေသူမချိုင်ကမ်းစပ်နားတွင် ကျောက်ချရပ်နား၏။


စက်လှေပေါ်မှ လှေငယ်ကလေးတစ်စင်းနှင့် သူတို့အနား ရောက် လာကြသော လူသုံးယောက်ကို မြင်သောအခါ ရွာသားကြီးတွေမှာ ပို၍ အံ့ဩကြသည်။ စက်လှေပေါ်မှ လှေငယ်ကလေးနှင့် ကူးလာကြသူ သုံး ယောက်မှာ လွန်ခဲ့သော တစ်လလောက်က သူတို့ပစ္စည်းတွေ ရောင်းလိုက်ကြသောသူများပင်။  မျက်နှာသိ ဖြစ်နေကြသော ထိုသူသုံးယောက်တို့သည် တွေ့သမျှသော ရွာသားကြီးများကို နှုတ်ဆက်ကြ၏။ ရွာသားကြီးတွေကလည်း ထိုဧည့်သည်များကို ဖော်ဖော်ရွေရွေ ပြန်နှုတ်ဆက်ကြသည်။


စက်လှေကြီးနှင့် လာကြသော ဧည့်သည်များက ရွာသူရွာသားတွေ ကို ပြောပြကြ၏။ သူတို့ စက်လှေပေါ်တွင် ယခင်က မုန်တိုင်းကြီးတိုက်၍ ပျက်စီးသွားသော စက်လှေများကဲ့သို့ ပစ္စည်း အမြောက်အမြား ပါလာ သည်။ ထိုပစ္စည်းများကို ဤရွာမှတစ်ဆင့် မြိတ်ဘက်သို့ အတွင်းကြောင်း က သယ်ယူကြရမည်။ စက်လှေကြီးနှင့် အပြင်လမ်းကသွားလျှင် အဖမ်း အဆီးခံကြရမည်။ ထို့ကြောင့် သူတို့ရွာတွင် စခန်းချပြီး စက်လှေပေါ်က ပစ္စည်းများကို မော်တော်ဘုတ်များနှင့် အတွင်းပိုင်းကတစ်ဆင့် သယ်ယူကြ မည်ဟု ဆိုလေသည်။


 သူတို့ ပြောကြသလိုပင် သုံးလေးရက်ခန့်အကြာတွင် မလိကျွန်း အတွင်းပိုင်းမှ မော်တော်ဘုတ် သုံးလေးစီး ရောက်လာကြ၏။ ထိုမော်တော် ဘုတ်ပေါ်တွင် ပါလာကြသူတွေမှာလည်း ယခင်က ပစ္စည်းလာဝယ်ဖူးသူ အတော်များများ ပါသည်။ မျက်နှာစိမ်းဆို၍ လေးငါးယောက်သာ။

စက်လှေနှင့် စောစီးစွာ ရောက်နေကြသော ဧည့်သည်များသည် ရွာသူရွာသားများအား တစ်နေ့လျှင် လူကြီးငါးကျပ်၊ ကလေးသုံးကျပ်နှင့် စက်လှေပေါ်က ပစ္စည်းများကို မော်တော်ဘုတ်များအပေါ်သို့ သယ်ချ အငှားခိုင်းကြသည်။ ပိုက်ဆံရသဖြင့် ရွာသူရွာသား ကလေးသူငယ်များမှာ ပျော်ပျော်ပါးပါး ကူချသယ်ပေးလိုက်ကြ၏။

စက်လှေမှ ပစ္စည်းတွေကုန်လျှင် မော်တော်ဘုတ်များသည် အတွင်း လမ်းအတိုင်း မြိတ်ဘက်သို့ တစ်စီးပြီးတစ်စီး ထွက်သွားကြ၏။ စက်လှေ ကြီးသည်လည်း ရေသူမချိုင်မှ ပင်လယ်ပြင်သို့ ပြန်ထွက်သွားလေသည်။


အချိန်ကာလ များစွာ မကြာပေ။ လတစ်ဝက်လောက် ကြာသော အခါ ရေသူမချိုင်ထဲ စက်လှေကြီးက ဝင်ရောက်လာပြန်၏။ ဤတစ်ခါ တစ်စီးတည်း မဟုတ်တော့။ နောက်ထပ် စက်လှေတစ်စီးပင် အဖော် ပါလာသည်။ စက်လှေနှစ်စီး ရေသူမအိုင်ထဲ ဝင်ကပ်သောနေ့ ညမှာပင်

အတွင်းလမ်းက မော်တော်ဘုတ် လေးငါးစီး ရောက်လာကြပြန်သည်။

စက်လှေ နှစ်စီးပေါ်မှ မြောက်မြားစွာသော ပစ္စည်းများကို သူတို့ ရွာသူရွာသားတို့မှာ နေ့မအား ညမအား သယ်ချပေးကြရသည်။ မီးလုံး မီးချောင်းတွေ တထိန်ထိန်နှင့် ကုန်ပစ္စည်း သယ်ချပေးကြရသည်ကို ငွေရ သဖြင့် သူတို့ ရွာသူရွာသားတွေလည်း ပျော်နေကြ၏။ အလုပ်ပင်ပန်း၍ သူတို့ ခဏနားနေချိန်တွင် ဧည့်သည်များက သူတို့ မစားဖူး မသောက် ဖူးဘူးသော မုန့်များ၊ စည်သွတ်အသားဘူးများ၊ လက်ဖက်ရည်၊ ကော်ဖီ၊ဟောလစ်၊ မိုင်လို၊ အိုဗာတင်းများနှင့်လည်း ကြိုက်ရာအလိုက် ကျွေးမွေး ပြုစုကြ၏။

 အချို့ အဖျော်ယမကာနှင့် သေရည်သေရက် ကြိုက်သူများအား လည်း သူတို့ရွာထွက် ဓနိစိမ်ရည်အရက်ထက်ကောင်းသော အရက်ချို၊ အရက်ပြင်းများနှင့် တစ်ပြန်တစ်လှည့် ဧည့်ခံကျွေးမွေးကြ၏။ ပြီး ... သူတို့ နားမလည်သော်လည်း မြန်မာသီချင်း၊ ထိုင်းသီချင်းများကို ညလုံး ပေါက် ကက်ဆက်နှင့် ဖွင့်ပေးထား၏။


မြန်မာသီချင်းထက် သူတို့နှင့် စကားတူသော ထိုင်း သူတို့အခေါ် ရှမ်းကြီးသီချင်းများကို လုလင်ပျို ကာလသား ကာလသမီးများ ပို၍ ကြိုက်နှစ်သက်ကြသည်။ ထို့ကြောင့်လည်း စက်လှေပေါ်မှ ကုန်ပစ္စည်းများကို သယ်ချပေးရသော်လည်း သူတို့ လူငယ်တွေမှာ မြူးပျော်နေကြလေသည်။

စက်လှေများကလည်း ယခင်ကလို လဝက်မှတစ်စီး၊ တစ်လမှ တစ်စီး မဟုတ်တော့ဘဲ သုံးရက်တစ်စီး၊ လေးရက်တစ်စီးအပြင် တစ်နေ့ တလေတွင် တစ်ရက်တည်း နှစ်စီးပင် ဝင်တတ်၏။ ထိုအခါ သူတို့ တစ်ရွာ နှင့် မနိုင်ကြတော့ဘဲ အနီးအနားရှိ ဆလုံရွာ၊ ပသျှူးရွာများသို့ပင် လူငှား အခေါ်လွှတ်ကြရသည်။


ဧည့်သည်များမှာ ဆလုံစကား၊ ပသျှူးစကား မကျွမ်းကျင်သဖြင့် ရွာခံဖြစ်သော သူတို့ရွာက လူကြီးများပင် ရွာနီးချုပ်စပ်မှ ဆလုံများ၊ ပသျှူး များကို သွားခေါ် ရှာဖွေပေးကြရ၏။ ထိုသို့ ရှာဖွေ ခေါ်ပေးနိုင်သူများမှာ ကုန်တင်ကုန်ချ ပစ္စည်းသယ်သော အလုပ်ကို မလုပ်ရတော့ဘဲ အလုပ် သမားခေါင်း ဖြစ်လာကြ၏။ ပိုက်ဆံနှင့် လိုချင်သော ပစ္စည်းပစ္စယများကိုလည်း သာမန်အလုပ်သမားတွေထက် ပိုရကြ၏။ထို့ကြောင့် လည်လည်ဝယ်ဝယ် ရှိကြသော ဆလုံနှင့်ပသျှူးအိမ် အချို့တွင် ရေဒီယို ကက်ဆက်နှင့် ဘက်ထရီမီးချောင်းနှင့် ဖြစ်လာ၏။ အစားအသောက် ဆိုသည်မှာလည်း ဘီစကွတ်၊ ငါးသေတ္တာအစ လိုလေ သေးမရှိ ဖြစ်လာ၏။

ပင်လယ်ထဲ ထွက်၍ တစ်နေကုန် ပင်ပန်းခံကာ ငါးဖမ်းနေစရာ မလိုတော့။ စားချင်သော အစားအစာကို မိမိအိမ်တွင် ဘူးထဲ ပုလင်းထဲမှ ဖွင့်ယူ ဖောက်စားကြရုံသာ။  


မြိတ်ထားဝယ်သို့လည်းကောင်း၊ ထိုင်းနိုင်ငံနှင့် ပီနံမလေးရှားသို့သူတို့ရွာသား လူငယ်များသည် ဧည့်သည်များနှင့် ရင်းနှီးကျွမ်း လည်းကောင်း လိုက်သွားကြသည်။ ဤမှာ ကုန်တင်ကုန်ချ အလုပ်နှင့် နှိုင်းစာလျှင် ဟိုဘက်နိုင်ငံသို့ လိုက်သူများကို ဧည့်သည်များက ပိုပြီး ဦးစား ပေး ငွေကြေးပေးသဖြင့် လူငယ်လူရွယ်တွေမှာ တစ်ဖက်နိုင်ငံသို့ ဧည့်သည် များနှင့်အတူ သူ့ထက်ငါဦး လိုက်ကြ၏။ နောက်တွင် အမျိုးသားလူငယ် များတင် သာမက အမျိုးသမီးငယ်များပင် အသုတ်လိုက် အသုတ်လိုက် ပါသွားကြလေသည်။ သူတို့ ဆလုံ၊ ပသျှူးတွေနှင့် ရှမ်းကြီးတို့စကားမှာ ဆင်ဆင်နွှယ်သဖြင့် အခက်အခဲ မရှိကြပေ။ ယခင်က ငါးရှာ၊ လိပ်ထိုး အလုပ်မျိုးကို လူငယ်များ အပြိုင်လုပ်ကြသလို ယခုအခါ ဟိုဘက်ကမ်းကို မည်သူ ဘယ်နှစ်ခေါက် ရောက်ဖူးပြီဟု ပြိုင်လာကြ၏။


အရွယ်ရောက်စ မိန်းကလေးများကအစ ထမင်းချက် ဟင်းချက်နှင့် ဓနိထိုးသော အလုပ်ကို စိတ်မဝင်စားတော့ဘဲ ဧည့်သည်များနှင့်အတူ မြိတ်၊ ထားဝယ်ဘက်၊ ထိုင်း၊ မလေးရှားဘက် လိုက်ရန်သာ စိတ်စော နေကြသည်။ ။

သူတို့မှာ ရွာပြန်ရောက်လာသောအခါ အဝတ်အဆင်၊ အစား အသောက်၊ အနေအထိုင်၊ အပြောအဆို အားလုံး ပြောင်းလဲလာကြ သည်။ တစ်ဖက်နိုင်ငံတွင် သူတို့သည် ရုပ်ရှင်နှင့် တယ်လီဗီးရှင်းတွေ ကြည့်ခဲ့ကြရ၏။ တီဗွီပြာ၊ တိတ်ခွေပြာတွေနှင့် မမြင်ဖူး မကြည့်ဖူးဘူးသည် များကို အားလုံး မြင်ခဲ့၊ တွေ့ခဲ့၊ ကြုံခဲ့ကြရ၏။


ဤသည်ကိုပင် သူတို့ တစ်ယောက်နှင့်တစ်ယောက် ဂုဏ်ယူလာ ကြ၏။ တစ်ဖက်ကမ်းမှ အမူအကျင့်၊ အကြံအစည်များကို သူတို့ သယ် ဆောင်လာကြသည်။

ထို့ကြောင့် ရေသူမရိုင်တွင် စက်လှေများ ရပ်နားချိန်ဆိုလျှင် ရွာ ထဲတွင် ဖဲဝိုင်း၊ အရက်ဝိုင်း၊ ဂျင်ဝိုင်းကစ၍ မိန်းမပျိုလေးများကို ငွေကြေး ပေး၍ ပျော်ပါးရသော ဇိမ်နန်း၊ ဇိမ်အိမ်များပင် ပေါ်ပေါက်လာလေသည်။


- ဤသည်ကစ၍ အချင်းချင်း ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှုတွေပါ တဖြည်းဖြည်း များလာလေ၏။ ကြာသောအခါ တစ်ဦးချင်း တစ်ယောက် ချင်း လိမ်လည်မှု၊ လုယက်မှုကစပြီး အဖွဲ့လိုက် အစုလိုက် လိမ်လည်မှု လုယက်မှုတွေလည်း ဖြစ်လာ၏။

ထို့နောက် ဧည့်သည်အချင်းချင်း မသင့်မမြတ် ဖြစ်လာကြသည်။ စက်လှေတစ်စီးနှင့်တစ်စီး ပစ္စည်းယူ လူသတ်မှုထိ အဓမ္မစနစ် ကြီးထွား လာသည်။ ဧည့်သည်များမှတစ်ဆင့် သူတို့ရွာထဲကို လက်နက်ခဲယမ်းမီး ကျောက်တွေ ရောက်လာ၏။

ယခင်က အေးအေးချမ်းချမ်းရှိလှသော ရွာကလေးမှာ ယခုအခါ သေနတ်သံ၊ ဆဲသံဆိုသံ၊ ပြေးကြ၊ လွှားကြသံတွေနှင့် ဆူညံလာလေ၏။ သို့သော် မည်မျှ သတ်ကြ၊ ဖြတ်ကြ၊ လုကြ၊ တိုက်ကြ၊ လိမ်ကြ၊ ကောက်ကြသော်လည်း စက်လှေများကမူ ရေသူမချိုင်ထဲကို တစ်နေ့ တစ်စီး၊ နှစ်စီး ဝင်မြဲ ဝင်နေကြ၏။

ထိုစက်လှေများနှင့်အတူ ထိုင်းမှ ရှမ်းကြီးများ၏ တံကဲများလည်း လိုက်ပါလာကြသည်။ ရှမ်းကြီးများသည် ရေသူမရိုင်နှင့် ငှက်ရဲကျောက် ဆောင် လိပ်ကျွန်းတစ်ဝိုက်ကို သွားရောက်လေ့လာကြသည်။


ရေသူမချိုင်နှင့် ငှက်ရဲကျောက်ဆောင် လိပ်ကျွန်းတို့မှ ရသော မုတ်ကောင်များ ကနုကမာကောင်များ၊ ယောက်သွားများ၊ ပုလဲကောင် များနှင့် ကျောက်ခက်ကျောက်ပွင့် ကျောက်မွတ်များကိုပင် ငွေကြေးပေး၍ ဝယ်ယူလာကြပြန်၏။

ရှမ်းကြီးများသည် ဆလုံများ၊ ပသျှူးများဆီက ဝယ်၍ ရသမျှသော ကနုကမာ၊ ယောက်သွား၊ မုတ်ကောင်၊ ပုလဲကောင်များနှင့် ကျောက်ခက်၊

ကျောက်မွတ်များကို တံကဲတွေနှင့် တင်ကာ သူတို့နိုင်ငံသို့ သယ်သွားကြ ၏။ ထို့နောက်မှာ ငါးများ၊ ပုစွန်များကိုပါ ဝယ်ယူလာကြပြန်သည်။

ရှမ်းကြီးများသည် ဤမျှနှင့်ကား အားမရကြသေးဘဲ ပတ်ဝန်းကျင် ရှိ မြို့ရွာများသို့သွားကာ ပဲများ၊ ရာဘာစေးများ၊ သတ္တုရိုင်းများ၊ အမွှေး အကြိုင်၊ သစ်ပွင့်သစ်ဥများ၊ သစ်များကိုပါတစ်ဆင့် ပစ္စည်းချင်း ဖလှယ်ကာ ရေသူမချိုင်မှ သူတို့နိုင်ငံသို့ သယ်ယူသွားကြပြန်သည်။


မလိကျွန်းပေါ်နေ ဆလုံများ၊ ပသျှူးများမှာမူ ရှမ်းကြီးများ ရောက် လာမှ ပို၍ ငွေရွှင်လာကြသဖြင့် အပျော်ကြီး ပျော်နေကြလေသည်။ အိမ်တိုင်းလိုလို၌ပင် ရေဒီယိုကက်ဆက်များ၊ ဘက်ထရီအိုး၊ စည်သွတ် အသားဘူးများ၊ ဘီစကွတ် ပေါင်မုန့် စသည့် မုန့်မျိုးစုံ အစားအစာများနှင့် ဇိမ်ကျနေကြ၏။


* * * 


သည်လိုနှင့် နှစ်အတန်ကြာသောအခါ ပြောင်းလဲမှုတစ်ခု ဖြစ် လာပြန်သည်။ လမ်းသစ်တစ်ခု ပေါ်လာပြန်သည်။

ရေသူမချိုင်တွင် စက်လှေတံကဲများ ဝင်ရောက် ရပ်နားနေချိန်တွင် ပင်လယ်ထဲမှ မြန်မာနိုင်ငံအလံများကို တလွင့်လွင့် လွှင့်ထူကာ စစ်သင်္ဘော လေးနှစ်စီး ရောက်လာ၏။

စစ်သင်္ဘောလေးနှစ်စီးသည် ရေသူမချိုင်တွင် ကျောက်စွဲကာ စက်လှေများ၊ တံကဲများကို ပင်လယ်ပြင်ထဲ ထွက်မပြေးနိုင်အောင် ပိတ် ဆို့ထား၏။ တစ်ချိန်တည်းမှာပင် အတွင်းပိုင်းကလည်း ယူပီဘုတ်များ သုံးလေးစီး ဝင်ရောက်လာ၏။


ယူပီဘုတ်ပေါ်တွင် ရဲများ၊ တံဆိပ်အမျိုးမျိုးနှင့် လူများ၊ ဆရာဝန် သူနာပြုများ အစုံပါသည်။

သူတို့သည် စက်လှေမှ ဧည့်သည်များနှင့် တံကဲမှ ရှမ်းကြီးများကို ပစ္စည်းနှင့်အတူ ဖမ်းဆီးကြ၏။ ဒေသခံ ဆလုံများ၊ ပသျှူးများကိုလည်း လူဦးရေ စာရင်းကောက်ယူ၍ မှတ်ပုံတင်ကတ်ပြားများ ချက်ချင်း လုပ်ပေး ၏။ ကျေးရွာကောင်စီတွေ ဖွဲ့ကြ၏။ ငှက်ရဲရွာတွင် ရဲစခန်းအသစ်တစ်ခု

ဖွင့်လှစ်ပေးသည်။


သည်လိုနှင့် ပုလဲကျွန်းဘက်သွားသော အစိုးရသင်္ဘောလေးများ၊ ခရီးသည်တင် မော်တော်ဘုတ်များသည် ရေသူမချိုင်ထဲသို့ ရောက်လာ ကြပြန်၏။ သို့သော် ဤတစ်ခါ လမ်းကြောင်းမှာ ပင်လယ်ဘက်က လာခြင်း မဟုတ်၊ အတွင်းပိုင်းက ဝင်လာကြခြင်းသာ ဖြစ်၏။

သို့နှင့် မကြာမီမှာ သူတို့၏ မလိကျွန်းငယ်သည် ပုလဲကျွန်းသစ် ဖြစ်လာလေ၏။ ပုလဲကျွန်းသစ်ဖြစ်ရန် ဖြတ်ကျော်လာခဲ့ရသော သူတို့၏ လမ်းသစ်ခရီးမှာကား အန္တရာယ်ပေါင်းများစွာ အသက်ပေါင်းများစွာနှင့် ရင်းနှီးလာခဲ့ကြရလေသည်။


ပြီး

စာစီ-ဇေယျာမိုး

စာပြီးချိန် ည၉နာရီ ၁၉မိနစ်

#Credit

Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ