အိမ်စာ

 အိမ်စာ ++++++++ အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။ အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။ အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။ သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။ သူငယ်တန်းစတက်ပါပြီ။ အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။ ...

ကျတော်ချစ်သောဆရာမ " ခိုင်" သို့

ကျတော်ချစ်သောဆရာမ " ခိုင်" သို့


   နိုင်ငံခြားသွားဖို့လေဆိပ်ရောက်လာ


တဲ့အချိန်မှာ ကျတော့်ဆီ ဖုန်းဝင်လာ


တယ် " ဟလို"


" ကိုဖိုးဇော်လား မသိဘူးနော်  


ကျမဆရာမခိုင်လေးပါ"


ကျတော်မေ့ထားခဲတဲ့ဆရာမ ခိုင်လေး


ကျတော် ဆွံအသွားခဲ့ရတယ်........


၁ နှစ်လောက် ကျတော် ဘယ်သူနဲ့မှအဆက်သွယ်


မလုပ်ဘဲရန်ကုန်မှာတင် သင်တန်းနဲ့အိမ်မှာ 


အချိန်တွေ ကုန်လွန်စေခဲ့ပြီး ဘယ်သူငယ်ချင်းကိုမှလဲ 


အဆက်သွယ်မလုပ်ဘဲ တယောက်ထဲနေခဲ့တာ..


မေမေတို့ကလဲ ကျတော့်ကို ဖုန်းနံပတ်အသစ်နဲ့ 


ဖုန်းတလုံးပေးထားခဲ့တာကြောင့် ဘယ်သူ့ဆီကမှလဲ 


ဖုန်းမခေါ်ခဲ့သလို ကျတော့်မိသားစုကလွဲပြီး 


အဆက်သွယ်မရှိခဲ့ဘူး... 


အခုဆရာမလေး ခိုင် ဘယ်ကနေကျတော့်ဖုန်းနံပတ်


ရသွားလဲ..... ကျတော် တွေးနေတဲ့အချိန် 


" ကျမပြောတာကြားလား မသိဘူးရှင့် ကိုဖိုးဇော်


ဟုတ်ပါတယ် နော် "


အထစ်ထစ် အငေါ့ငေါ့နဲ့ ကျတော် ပြန်ဖြေမိတယ် 


" ဟုတ် ဟုတ်ကဲ့ ကျတော် ဖိုးဇော်ပါ ဆရာမခိုင်လေး"


" ကိုဇော် ဒီနေ့ နိုင်ငံခြားသွားတော့မှာဆို "


ကျတော့်ကို သူ ကိုဇော် လို့ခေါ်လိုက်တာ သတိထားမိ


လိုက်တယ် ...


"ဟုတ် ကျတော် လေဆိပ်မှာ ပါအခု ဆရာမခိုင်လေး 


ဘယ်လိုသိပြီး ကျတော့်ဖုန်းနံပတ်ဘယ်လိုရလဲဟင်"


" ကျမကို ခိုင်လို့ဘဲ ခေါ်ပါရှင် ဆရာမ ထည့်မခေါ်လဲ


ရပါတယ် ကိုဇော်"


" အော် ဟုတ်ကဲ့ ပါ ခိုင်"


" လေဆိပ်ကို ဘယ်သူတွေ လိုက်ပို့လဲဟင်"


" ကျတော့်အဒေါ်နဲ့ ဦးလေးလိုက်ပို့ပါတယ် သူတို့သား


ကျတော့် အစ်ကိုတဝမ်းကွဲလဲပါတယ် "


" ကျန်းမာရေးဂရုစိုက်နော် နိုင်ငံရပ်ခြားမှာ ဟို​ရောက်


ရင်ကျမဆီ ဖုန်းခေါ်လို့ရမလား ကိုဇော် "


" ဟုတ် ကျတော် ဆရာမခိုင် အဲ ဟို ခိုင့် ဆီ 


ဖုန်းခေါ် မှာပါ " 


အဲ့ဒီအချိန် ဒေါ်လေးကျတော်နားရောက်လာပြီး


ကျတော့် ပုခုန်းပေါ် လက်လာတင်ပါတယ်....


"ခိုင် ကျတော်ဖုန်းခေါ်မယ်နော် ဟိုရောက်ရင် 


အခုကျတော် အထဲဝင်ရတော့မှာမို့ "


" ဟုတ် ကိုဇော် ဒါဘဲနော် ဂရုစိုက်ပါ "


ကျတော် ဖုန်းချလိုက်တော့ 


" သားနောက်ကျတော့မယ် ဝင်တော့လေ "


" ဟုတ်ဒေါ်လေး " 


ကျတော် ဒေါ်လေးတို့ကို နှုတ်ဆက်ပြီး ထွက်လာ


ခဲ့ပါတော့တယ် ......ဒီလိုနဲ့ ကျတော် စင်္ကာပူ ဆိုတဲ့ 


နိုင်ငံကိုရောက်ရှိလာပါတော့တယ်.....


ကျတော်အစ်ကို တဝမ်းကွဲကလဲ ရှိနေတော့ ကျတော့် 


အတွက် နေရေးထိုင်ရေးကအစ ဘာအခက်ခဲမှ


မရှိခဲ့ပါဘူး.... အလုပ်ရဖို့တခုဘဲ ကြိုးစားရတယ် 


မနက်စောစောထ သီတင်းစာဝယ်ရတယ် 


သူတို့ဆီကထုတ်တဲ့ Straight time 


ဆိုတဲ့ သီတင်းစာထဲမှာ အလုပ်ကြော်ငြာတွေကြည့်ပြီး


သတင်းစာတွေဖတ် ဖုန်းခေါ်စရာရှိတာတွေခေါ်ပြီး 


email ပို့စရာရှိတာတွေပို့ ပြီးရင် company တွေကနေ 


ဖုန်းပြန်ခေါ်မလား စောင့်ရင်း အဲ့ဒီအချိန်က နာမည်ကြီးတဲ့


ဒေါက်တာချက်ကြီး website ကိုကြည့်ရင်း email တွေ


မကြခဏဖွင့်ကြည့်နဲ့  ရောက်ပြီး တလလောက်အထိ


ကျတော် အလုပ်ကြိုးစားရှာခဲ့ရတယ် ... 


နောက်တော့ ကျတော် စက်ရုံတခုမှာ လက်ထောက်


အင်ဂျင်နီယာ ရာထူးနဲ့ အလုပ်တခုရခဲ့တယ် ..... 


ဒီနိုင်ငံမှာက အလုပ်သမားတွေကို pass အမျိုးမျိူးနဲ့ 


အလုပ်အကိုင်တွေကိုပေးထားကြတယ်.....


ကျတော်ကတော့ s-pass လို့ ကျတော်တို့အလွယ်ခေါ်တဲ့


special pass နဲ့အလုပ်ရတယ်..... အလုပ်စဝင်ဝင်ချင်း


မှာတော့ အခက်အခဲတွေတွေ့ရတာပေါ့ဗျာ နိုင်ငံပေါင်းစုံ


ကလူတွေနဲ့ ဆက်ဆံရတာဆိုတော့...... အဓိက ဘင်္ဂလား၊


အိန္ဒိယ၊ ဖိလစ်ပိုင်၊တရုပ် ဆိုတဲ့ မတစ်ထောင်သားတွေနဲ့ 


ဆဲဆိုရန်ဖြစ်ပြီးတော့ နှစ်ပါးသွားခဲရတာပေါ့.....ပြီးတော့


ကျန်ဖန်ပြီး ပျော်အောင်နေရတာပေါ့......






























































Comments

Popular posts from this blog

My Lovely wife,the bitch for black cleaner

ပန်းပျိုမေ