အစအဆုံးလဲ ဖတ်ပြီးရော ငတစ် မျက်ရည်ပါ ဝဲလာတယ်။ မင်္ဂလာပါ_ဆရာမ (၁) ၇ တန်းသင်္ချာဆရာမဟာ သိပ်အရိုက်ကြမ်းတယ်တဲ့။အရင်နှစ်တွေက ကျောင်းမှာ ၇ တန်းအောင်ပြီး ၈ တန်းရောက်သွားတဲ့ စီနီယာတွေ အဆက်ဆက်က အဲ့လိုချည်းပြောသွားကြတာပဲ။သူတို့လို ၆ တန်း အောင်ပြီး ၇ တန်းတက်ရမယ့်ကောင်တွေအတွက် သတင်းဆိုးပေါ့။ ကောင်မလေးတွေဆို ၇ တန်း ဆက်တက်ရမှာ ကြောက်လွန်းလို့ မျက်နှာလေးတွေ ငယ်နေကြတယ်။ကျောင်းတောင် ဆက်မတက်ချင် တော့ဘူးလို့ ညည်းတဲ့သူတွေကလည်း ညည်းကြရဲ့။သင်္ချာအားနည်းတဲ့ ခင်ချိုဝင်းဆိုရင် မျက်ရည်လေးတွေတောင် ဝဲလို့...။ ၇ တန်း ပထမဆုံး ကျောင်းတက်ရက်မှာ သင်္ချာချိန်ပါတယ်။မုန့်စားဆင်းပြီး ပြန်တက်ရတဲ့အချိန်ပေါ့။သူတို့မှာ မုန့်တောင် ဖြောင့်ဖြောင့် မစားနိုင်ကြဘူး။အရင်ကလို ခေါင်းလောင်းထိုးမှ အတန်းထဲ ပြန်ပြေး ဝင်တာမျိုးလည်း မလုပ်နိုင်ကြဘူး။သင်္ချာဆရာမက သူ့အချိန်ဆိုရင် ငါးမိနစ်လောက်စောရောက်နေတတ်ပြီး သူဝင်ပြီး နောက်မှ အတန်းထဲ ဝင်လာတဲ့လူတွေကို မှတ်သွားတတ်တယ်တဲ့။မှတ်သွားပြီး ဘာလုပ်လဲဆိုရင် သင်္ချာသင်တဲ့အခါ အဲ့မှတ်ထားတဲ့ ကျောင်းသားတွေကို စာမေးတာပေါ့။White Board မှာလည်း တပုဒ်လုံး ထွက်တွက်ခိုင်းသေးတယ်တဲ့။တတန်းလုံးရှေ့မှာရော၊သင်္ချာဆရာ...