အူယားမူ (One shot) ~~သူက ဘယ်သူလဲလို့~~မေးရဲ့မယ့်အဖြစ်မျိုးရှောင်ပါကွယ် ~~ ကျွန်မ သီချင်းည ည်းလိုက်တယ်၊ မောင် တို့ ကြားလို့ကြားငြားပေါ့၊ ဖုန်သုတ်သန့်ရှင်းရေးလုပ်ရင်းးမောင်တို့ကိုစောင့်ကြည့်မိတယ်၊ မောင့်နဲ့ အလုပ်အကြောင်းပြောနေတဲ့ ကောင်မလေးက..ငယ်ပီးလှတယ်၊ သူမ ရဲ့ ရောင်စုံခြယ် မျက်နှာအလှ က..ကျွန်မ ပါးပေါ်က ပါးကွက်ကို အားငယ်စေပါတယ်၊ ~~မိန်းကလေးများလို့ စိမ်းပြေးသလားလို့..ပူပင်သောကဖြစ်ရ ပါသေးတယ်~~ ဆိုဖာပေါ်မာ..အလုပ်အကြောင်းပြောနေတဲ့ မောင်နဲ့ အဲ့ကောင်မ လေးက ပြုံးပြုံးပျော်ပျော်၊ ကျွန်မ သီချင်းည ည်းသံကိုပင်.. မကြားသည့်ဟန်၊ မျက်စိရှေ့တင်..မြင်နေရသည့်တိုင် ရိုးရိုးသား သားပေမဲ့..ကျွန်မ အူတိုလှပါသည်။ ကျွန်မ ဝတ်ထားတဲ့ ပတ်ထဘီကို လက်တဖက်က မ ကာ..မောင် ကျွန်မ ကို အဖက်လုပ်အောင် လုပ်ငန်းစပါတော့သည်။ ဒုန်းးခွမ်း! ကွဲကြသွားတဲ့..ပန်းအိုးကြောင့်.ကျွန်မ မာ မျက်လုံးပြူးရပါသည်၊ မောင့် ဆီက attention ရအောင်သာ..ပစ္စည်းတွေအသံထွက် အောင် ကြမကြမ်းတမ်းတမ်းသန့်ရှင်းရေးလုပ်လိုက်တာ.လက်ချော် ပီးကွဲ ကြသည့်အထိပင်။ ''အဲ့နားဘဲရပ်နေ!'' ပန်းအိုးကွဲစ တွေကို..ကျွန်မရှင်းဖို့ လှမ်းတော့..မောင်က ငေါက် တယ်၊ ဒါပေမဲ့လည်း...